==================

#အပါယ်လေးပါး

(၁) ငရဲ = ချမ်းသာအနည်းငယ်မျှ မရှိဘဲ၊ မီးတောက်မီးလျှံ၊ ဒါးလှံစက်တို့၌ ခံရခြင်းကိုငရဲဟု

ခေါ်ပါသည် ။


(၂) တိရစ္ဆာန်= တရားမသိ၊ စားခြင်း၊ အိပ်ခြင်း၊ မေထုန်မှီဝဲခြင်းကိုသာ သိသောသတ္တဝါ ၊

မဂ်-ဖိုလ်မှ ဖီလာကန့်လန့်ဖြစ်သော သတ္တဝါ ။


(၃) ပြိတ္တာ= ချမ်းသာသုခမှ ကင်းဝေးသောဖုတ်တစ္ဆေ စသော သတ္တဝါ ။

(၄) အသူရကာယ်= စည်းစိမ်ချမ်းသာမြူးတူးခြင်း စသည်တို့ဖြင့် မမြူးတူးမထွန်းပတတ်သောသတ္တဝါ


#ကပ်သုံးပါး


(၁) ဒုမ္ဘိက္ခန္တရကပ် = အစာခေါင်းပါး ငတ်မွတ်ခြင်းကြောင့် များစွာသေကြေပျက်စီးခြင်း ။


(၂) သတ္တန္တရကပ် = သေစေတတ်သော ဓါး၊ လှံ၊ သေနတ်၊ စသောလက်နက်တို့ဖြင့်၊ အချင်းချင်း

တိုက်ခိုက်ထိုးခုတ်၍ များစွာသေကြေပျက်စီးခြင်း ။


(၃) ရောဂန္တရကပ်= ကူးစက်တတ်သော အနာရောဂါ ကျရောက်သဖြင့် မျာစွာသေကြေပျက်စီးခြင်း ။ ။


"မဂ်ဖိုလ် နိဗ္ဗာန် မရနိုင်သည်ကိုစွဲ၍ ရပ်ပြစ်ဟုခေါ်ပါသည်

#ရပ်ပြစ်ရှစ်ပါး


(၁)  ငရဲ ။

(၂)  တိရစ္ဆာန် ။

(၃)  ပြိတ္တာ ။

(၄)  အရူပဘုံ=(နာမ်သက်သက်သာရှိ) ။ အသညသတ်ဘုံ= ( ရုပ်သက်သက်သာရှိ ) ။

(၅)  ပစ္ဆန္တရစ်အရပ် ။

(၆)  မိစ်ဆာဒိဋ်ဌိ  ။

(၇)  ဥာဏ်ပညာမရှိသူ (ပဋိသန္ဓေအားဖြင့် ကျိုး၊ ကန်း၊ ဆွံ့၊ အ သောသူအဖြစ် ။

(၈)  ဘုရားမပွင့်ရာအခါ၌ လူဖြစ်ရခြင်း ။ ။


#ရန်သူမျိုးငါးပါး


(၁) ရေ ။

(၂) မီး ။

(၃) မင်း ။

(၄) ခိုးသူ ။  (သူတပါးပစ္စည်းကို ပိုင်ရှင်မသိအောင် တိတ်တဆိတ် ယူတတ်သောသူ)

(၅) မချစ်မနှစ်သက်သောသူ ။ (မိမိကိုမုန်း၍ ပျက်စီးရာ ပျက်စီးကြောင်း ကြံတတ်သူ )

ဖောက်ပြန်ချွတ်ယွင်းခြင်းကို ဝိပတ္တိဟုခေါ်သည်။


#ဝိပတ္တိတရားလေးပါး


(၁) ဂတိဝိပတ္တိ = အပါယ်ဘုံ၌ ဖြစ်ရခြင်း ။

(၂) ဥပဓိဝိပတ္တိ = ရုပ်ဆင်းအင်္ဂါချို့တဲ့ခြင်း ။

(၃) ကာလဝိပတ္တိ = တရားမစောင့်သောသူတို့၏ လက်ထက်၌ဖြစ်ရခြင်း ။

(၄) ပယောဂဝိပတ္တိ = အကုသိုလ်တရားကိုသာ အားထုတ်၍ အကျင့်ပျက်စီးခြင်း ။ ။


"ဆွေမျိုး၊ ဥစ္စာ၊ ရောဂါ၊ အယူ ၊ အကျင့်ပျက်စီးခြင်းကို ဗျဿနဟုခေါ်သည်။"  


#ဗျသနတရားငါးပါး


(၁) ဥာတိဗျသန = ဆွေမျိုးပျက်စီးခြင်း ။

(၂) ဘောဂဗျသန = စီးစိမ် ဥစ္စာ ရာထူး ပျက်စီးခြင်း ။

(၃) ရောဂဗျသန = အနာရောဂါကြောင့် ပျက်စီးခြင်း ။

(၄) ဒိဋ္ဌိဗျသန = အယူလွှဲမှား၍ ပျက်စီးခြင်း ။

(၅) သီလဗျသန = ကောင်းသောအကျင့်သီလ ပျက်စီးခြင်း ။ ။


#ဗုဒ္ဓဝင်အကျဉ်းမှတ်ရန်


လူအမည်       = သိဒ္ဓတ္ထ ။

ဘုရားဘွဲ့        = ဂေါတမ ။

မိဘအမည်     = သုဒ္ဓေါဒ္ဒနမင်းနှင့် မာယာဒေဝီ ။

ကြင်ယာတော်  = ယသော်ဓရာ ။ (ဘဒ္ဒကဉ္စနာ)

ရင်သွေးတော်   = ရာဟုလာ ။

ယောက်ဖတော် =  ဒေဝဒတ် ။

မိထွေးတော်     = ဂေါတမီ ။


နေပြည်တော် = ကပိလဝတ်ပြည် ။ (သက္ကတိုင်းမဇ္စျိမဒေသ)

ဖွားရာဌာန   = လုမ္ဗိနီဥယာဉ် ။ ( ကပိလဝတ်ပြည်နှင့်ဒေဝဒဟအကြား)

နန်းစံနှစ်                  = ၁၃ နှစ် ။ (၁၆ နှစ်မှ ၂၉ နှစ်အထိ)

နမိတ်ကြီးများ            = သူအို ၊သူနာ၊ သူသေ ရဟန်း ။

ဗျာဒိတ်ခံယူသောဘဝ  = သုမေဓါရသေ့ဘ၀ ။

ဗျာဒိတ်ခံယူသောနေ့    =  ကဆုန်လပြည့်နေ့ ။

ဗျာဒိတ်ပေးသောဘုရား = ဒီပင်္ကရာမြတ်စွာဘုရား ။


ပါရမီဖြည့်ဘက် =  သုမိတ္တာအမျိုးသ္မီး ။ (ယသော်ဓယာအလောင်း)

ပါရမီဖြည့်ရာကာလ =  လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ။

ပါရမီဖြည့်ရခြင်း၏ရည်ရွယ်ချက် = သတ္တဝါအများအကျိုးဆောင်ရွက်ရန် ။

ဒုက္ကရစရိယာကျင့်ရသောကာလ =  ၆ နှစ်ကြာ ။ (၉၇မှ ၁၀၃ အထိ)

ကျင့်သည့်နေရာ = ဥရုဝေဠတော ။

ဘုရားဖြစ်ချိန်သက်တမ်း = ၃၅ နှစ်အရွယ် ။

ဘုရားပွင့်ရာသက်တမ်း = ၁၀၀ တမ်း ။


အလုပ်ကျွေး =  ပဉ္စဝဂီငါးဦး ။ (ဒုက္ကရစရိယ ကျင့်ခိုက်)

တရားဦးဟောသည့်နေရာ = ဗာရာဏသီ မိဂဒါဝုန်တော ။

ပထမဆုံး သာဝက =  ပဉ္စဝဂီ ငါးဦး ။ (သာ၀က=ဘုရား၏တပည့်သား)

နောက်ဆုံးကျွတ်သော သာဝက =  သုဘဒ္ဒပရိဗိုဇ် ။

လက်ယာရံ အဂ္ဂသာဝက =  အရှင်သာရိပုတ္တရာ ။

လက်ဝဲရံ  အဂ္ဂသာဝက အရှင်မောဂ္ဂလန် ။

အဆုံးအမသာသနာ =  ပရိယတ္တိ ပဋိပတ္တိ ပဋိဝေဓ ။

ကျင့်စဉ်သိက္ခာ = သီလ သမာဓိ ပညာ ။

ချမှတ်သောလမ်းစဉ် = မဇျ္ဖိမပဋိပဒါ မဂ္ဂင်လမ်းစဉ် ။


သန္ဒေယူသောနေ့ = မဟာသက္ကရာဇ် ၆၇ ဝါဆိုလပြည့်  ကြာသပတေးနေ့ ။

ဖွားမြင်သောနေ့ =  မဟာသက္ကရာဇ် ၆၈ ကဆုန်လပြည့်  သောကြာနေ့ ။

တောထွက်သောနေ့ =  မဟာသက္ကရာဇ် ၉၇ ဝါဆိုလပြည့် တနင်္လာနေ့ ။

ဘုရားဖြစ်သောနေ့ = မဟာသက္ကရာဇ် ၁၀၃ ကဆုန်လပြည့် ဗုဒဟူးနေ့ ။

ဓမ္မစင်္ကြာဟောသောနေ့ = မဟာသက္ကရာဇ် ၁၀၃ ဝါဆိုလပြည့် စနေနေ့ ။

ပရိနိဗ္ဗာန်စံသောနေ့ = မဟာသက္ကရာဇ် ၁၄၈ ကဆုန်လပြည့် အင်္ဂါနေ့ ။

တေဇောဓါတ်လောင်သောနေ့ = ၁၄၈ ကဆုန်လဆုတ် ၁၂ ရက် တနင်္လာနေ့


သမိုင်းအကြောင်း


#credit 


#ရသစာပေနှင့်သီချင်းများသီးသန့်ဇုံpageမှ

#မေတ္တာဖြင့် 

#ပြန်လည်မျှဝေပါသည် ။