လူတစ်ယောက်ဟာ

သေခါနီးဖြစ်နေတဲ့ အချိန်မှာ

နှလုံးမခုန်တော့ပါဘူး။


သွေးကြောလေးတွေ

အလုပ်မလုပ်တော့ပါဘူး။


ခြေ လက်တွေ

တကိုယ်လုံး ဘာမှမလှုပ်ရှားတော့ဘူး။


အဲဒီအချိန်မှာ

လူတွေက သေပြီလို့ ဆုံးဖြတ်ကြတယ်။

မိသားစုဝင်တွေက အော်ငိုကြတယ်။


သွေးခုန်နှုန်း ရပ်သွားတော့

သေသွားပြီ ထင်လို့လေ။


အဲဒီအချိန်မှာ

တကယ်မသေတာက ကြားစိတ်ပါ။


ကြားစိတ်က

နှလုံး သွေးခုန်နှုန်း

ရပ်သွားတာတောင်

( ၃ )မိနစ် ( ၅ )မိနစ်လောက်

ရှင်သန်နေပါသေးတယ်။


တချို့လူတွေက

သေခါနီးလူကို

အသက်မထွက်သေးဘူး။

လူမစုံသေးလို့

ဟိုလူ့ကို စောင့်နေတယ်

ဒီလူ့ကို စောင့်နေတယ်လို့

ပြောကြတယ်။


မိသားစုဝင် ရောက်လာတော့

ဖက်ပြီး ငိုကြတယ်။


အဲဒါက သေခါနီးလူတစ်ယောက်ကို

အပါယ်ဘုံရောက်အောင် ပို့လိုက်တာပါပဲ။


တကယ်တော့

သူဟာ မိသားစုဝင်ကိုစောင့်နေတာ

မဟုတ်ပါဘူး။


သူပြုခဲ့တဲ့

ကုသိုလျကံ အကုသိုလျကံက

အားနည်းနေတယ်။

ဝိပဿနာတရားကလည်း

အားထုတ်ဘူးတာ မရှိဘူး။

အဲဒါကြောင့်

သူဟာ အသက်ထွက်ဖို့

ဘဝကူးဖို့

သူရဲ့ ကြားသိတဲ့စိတ်က ရှာနေတာပါ။


( အဖေ အမေ သားရောက်ပြီ

သမီးရောက်ပြီ

ဘယ်သူဘယ်ဝါ ရောက်ပြီလို့

ပြောလိုက်တဲ့အသံ ကြားတာနဲ့

ချက်ချင်း ဘဝကူးသွားတတ်ပါတယ်။)


အဲဒီအချိန်

အနားမှာရှိတဲ့ မိသားစုဝင်တွေ

အရမ်းကို သတိရှိပြီး

လိမ္မာပါးနပ်ဖို့ လိုပါတယ်။

အပြောအဆို ဆင်ခြင်ရပါမယ်။


အနားမှာရှိတဲ့ မိသားစုက

ဖက်ပြီး ငိုနေမယ်ဆိုရင်


သေခါနီး လူကို

မကောင်းတဲ့ အပါယ်ဒုဂ္ဂတိဘုံသို့

ရောက်အောင် ပို့လိုက်တာပါပဲ။


အနားမှာရှိတဲ့ မိသားစုက

တရားခွေ ဖွင့်ထားပေးမယ်။

သူပြုခဲ့တဲ့ ကောင်းမှုကုသိုလ်တွေကို

ပြောပြမယ်

ဝိပဿနာတရားတွေ

ဟောပြော ပြသပေးနေမယ်ဆိုရင်

ကောင်းသော

သုဂတိဘုံဘဝကို ရောက်အောင်

ပို့ပေးတာပါပဲ။


သေခါနီး လူတစ်ယောက်ကို

တကယ် ချစ်ရင်

တကယ် တန်ဖိုးထားရင်

ကောင်းမွန်တဲ့ဘုံဘဝကို ရောက်စေချင်ရင်

နောက်ဆုံးအချိန်လေးမှာ မငိုကြပါနှင့်။


အရှင်ပုည( ဝကုန်း )