🙏🙏🙏🙏🙏
လူအမည် = သိဒ္ဓတ္ထ ။
ဘုရားဘွဲ့ = ဂေါတမ ။
မိဘအမည် = သုဒ္ဓေါဒ္ဒနမင်းနှင့် မာယာဒေဝီ ။
ကြင်ယာတော် = ယသော်ဓရာ ။ (ဘဒ္ဒကဉ္စနာ)
ရင်သွေးတော် = ရာဟုလာ ။
ယောက်ဖတော် = ဒေဝဒတ် ။
မိထွေးတော် = ဂေါတမီ ။
နေပြည်တော် = ကပိလဝတ်ပြည် ။ (သက္ကတိုင်းမဇ္စျိမဒေသ)
ဖွားရာဌာန = လုမ္ဗိနီဥယာဉ် ။ ( ကပိလဝတ်ပြည်နှင့်ဒေဝဒဟအကြား)
နန်းစံနှစ် = ၁၃ နှစ် ။ (၁၆ နှစ်မှ ၂၉ နှစ်အထိ)
နမိတ်ကြီးများ = သူအို ၊သူနာ၊ သူသေ ရဟန်း ။
ဗျာဒိတ်ခံယူသောဘဝ = သုမေဓါရသေ့ဘ၀ ။
ဗျာဒိတ်ခံယူသောနေ့ = ကဆုန်လပြည့်နေ့ ။
ဗျာဒိတ်ပေးသောဘုရား = ဒီပင်္ကရာမြတ်စွာဘုရား ။
ပါရမီဖြည့်ဘက် = သုမိတ္တာအမျိုးသ္မီး ။ (ယသော်ဓယာအလောင်း)
ပါရမီဖြည့်ရာကာလ = လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ။
ပါရမီဖြည့်ရခြင်း၏ရည်ရွယ်ချက် = သတ္တဝါအများအကျိုးဆောင်ရွက်ရန် ။
ဒုက္ကရစရိယာကျင့်ရသောကာလ = ၆ နှစ်ကြာ ။ (၉၇မှ ၁၀၃ အထိ)
ကျင့်သည့်နေရာ = ဥရုဝေဠတော ။
ဘုရားဖြစ်ချိန်သက်တမ်း = ၃၅ နှစ်အရွယ် ။
ဘုရားပွင့်ရာသက်တမ်း = ၁၀၀ တမ်း ။
အလုပ်ကျွေး = ပဉ္စဝဂီငါးဦး ။ (ဒုက္ကရစရိယ ကျင့်ခိုက်)
တရားဦးဟောသည့်နေရာ = ဗာရာဏသီ မိဂဒါဝုန်တော ။
ပထမဆုံး သာဝက = ပဉ္စဝဂီ ငါးဦး ။ (သာ၀က=ဘုရား၏တပည့်သား)
နောက်ဆုံးကျွတ်သော သာဝက = သုဘဒ္ဒပရိဗိုဇ် ။
လက်ယာရံ အဂ္ဂသာဝက = အရှင်သာရိပုတ္တရာ ။
လက်ဝဲရံ အဂ္ဂသာဝက အရှင်မောဂ္ဂလန် ။
အဆုံးအမသာသနာ = ပရိယတ္တိ ပဋိပတ္တိ ပဋိဝေဓ ။
ကျင့်စဉ်သိက္ခာ = သီလ သမာဓိ ပညာ ။
ချမှတ်သောလမ်းစဉ် = မဇျ္ဖိမပဋိပဒါ မဂ္ဂင်လမ်းစဉ် ။
သန္ဒေယူသောနေ့ = မဟာသက္ကရာဇ် ၆၇ ဝါဆိုလပြည့် ကြာသပတေးနေ့ ။
ဖွားမြင်သောနေ့ = မဟာသက္ကရာဇ် ၆၈ ကဆုန်လပြည့် သောကြာနေ့ ။
တောထွက်သောနေ့ = မဟာသက္ကရာဇ် ၉၇ ဝါဆိုလပြည့် တနင်္လာနေ့ ။
ဘုရားဖြစ်သောနေ့ = မဟာသက္ကရာဇ် ၁၀၃ ကဆုန်လပြည့် ဗုဒဟူးနေ့ ။
ဓမ္မစင်္ကြာဟောသောနေ့ = မဟာသက္ကရာဇ် ၁၀၃ ဝါဆိုလပြည့် စနေနေ့ ။
ပရိနိဗ္ဗာန်စံသောနေ့ = မဟာသက္ကရာဇ် ၁၄၈ ကဆုန်လပြည့် အင်္ဂါနေ့ ။
တေဇောဓါတ်လောင်သောနေ့ = ၁၄၈ ကဆုန်လဆုတ် ၁၂ ရက် တနင်္လာနေ့
သမိုင်းအကြောင်း
#credit
#ရသစာပေနှင့်သီချင်းများသီးသန့်ဇုံpageမှ
#မေတ္တာဖြင့်
#ပြန်လည်မျှဝေပါသည် ။
0 Comments