နောင်ဘဝ မပြောနဲ့၊ မနက်ဖြန်ခါ......
"သင်"ဘာဖြစ်မယ် ဆိုတာ...တောင် သေချာအောင်မပြောနိုင်ပါဘူး။
တစ်ချို့က ပြောသေးတယ် ငါက ငယ်ပါသေးတယ်တဲ့...လောကမှာ အသက်ငယ်သေးလို့ မသေးရဘူးလို့ ဘယ်လောက ဥပဒေမှာမှ အတိအကျ မပြဌာန်းထားပါဘူး။ ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ သေရတာပါပဲ၊ အတိတ်ကလည်း သေခဲ့ကြသလို၊ ခုလည်းသေနေတာပဲ၊ နှောင်လည်း သေနေကြအုံးမှာပဲ၊
ဒါကြောင့် မသေခင်လည်း အချိန်တွေမှာ ခဏလောက်ပဲဖြစ်ဖြစ်ပေါ့ လူသားတွေ အနေနဲ့ ဝိပဿနာ တရားလေးကို အားထုတ်ကြစေချင်ပါတယ်၊
သေချာတာ တစ်ခုကတော့.. " ဝိပဿနာ " အားထုတ်ရင်တော့..
စိတ်၏ အေးငြိမ်းချမ်းမှုရမယ်၊ ပူပင်မှုတွေ ကင်းဝေးမယ်၊
အို၊နာ၊သေ က လွတ်မြောက်နိုင်မဲ့ နိဗ္ဗာန် ကို ရောက်မယ် ဆိုတာတော့ အသေအချာပြောနိုင်ပါတယ်။
ဝိပဿနာဆိုတာ လောကီ၊လောကုတ္တရာ နစ်ခုလုံးအတွက် ကောင်းပါတယ်။
ဝိပဿနာဆို နိဗ္ဗာန်ရရှိရေး တစ်ခုတည်းကိုသာ အကျိုးပေးတာ မဟုတ်ပါဘူး လက်ရှိမိမိတို့ရဲ့ လောကီဘဝမှာ နေတတ်ထိုင်တတ် အောင်လည်း သူက အဓိက အကူအညီပေးပါတယ်။
တစ်ချို့ကတော့ ဝိပဿနာဆိုတာ နိဗ္ဗာန် ရရှိိရေးတစ်ခုတည်းအတွက်သာ လုပ်ဆောင်ရတယ်ဆိုပြီးတော့ ထင်တတ်ကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး၊ ဝိပဿနာ အားထုတ်လို့ရတဲ့ အကျိုးကျေးဇူးတွေကို နောင်အားရင် တင်ပေးပါမယ်။
ခု ပြောပြချင်တဲ့ အရာကိုပဲ သွားရအောင်ပါ..
ဘဝမှာ
အပါယ်တစ်ခေါက်ကျသွားလို့ကတော့.. အတော်နဲ့ပြန်တက်လာဖို့မလွယ်ပါဘူး။
တစ်ချက်လေးလွဲသွားတာနဲ့ "ဘွားတေး"လုပ်လို့မရဘူး။
ကံကောင်းလို့ နောက်တစ်ခါ လူလာဖြစ်ရင်တောင် သာသနာနဲ့ဆုံဖို မလွယ်။ဒီလိုအခွင့်အရေး မျိုးဘာမှမရှိဘူး။
ပါဠိ တွေ နားလည်စရာလည်း မလိုဘူး၊ နားမလည် လို့လည်း စိတ်မပျက်နဲ့၊ ပရိယတ္တိ တွေ မသိလို့လည်း ဘာမှ အားမငယ် နဲ့...။
မြတ်စွာဘုရားရှင်သက်တော်ထင်ရှားရှိစဉ် ရဟန်းတပါးက ဘုရားရှင်ကို လျှောက်တယ် "အရှင်ဘုရား တရားထူးရဖို့ဘယ်လောက်ထိ
ဗဟုသုတ အကြားအမြင်ရှိရင် တရားရနိုင်ပါသလဲ ဘုရား"...လို့လျှေက်တော့ ဘုရားရှင်က..
"ချစ်သား ဒါကအနိစ္စ၊ ဒါကဒုက္ခ၊ ဒါကအနတ္တ လို့ဆိုတဲ့ စကားသုံးခွန်းကြားဖူးယုံနဲ့တရားရဖို့လုံလောက်ပြီလို့ပြန်ဖြေခဲ့တော်မူပါတယ်။
ဒီစကားသုံးခွန်းကတော့ ကျွန်တော်တို့
နေ့စဉ် ကြားနေကျတွေပါ ဒါ့ကြောင့် တရားထူးရဖို့ပြည့်စုံနေပြီလို့သိထားကြစေလိုပါတယ်။
နောက်ပြီး...စူဠပန္ဓက မထေရ်ဟာ အက္ခရာ၊၄၄ လုံးကို ၄ လကျက်တာတောင် မရဘူး၊ ဒါနဲ့လူထွက်ဖို့ဘုရားရှင်ကိုလျှောက်တော့ ဘုရားရှင်က......
"ငါဘုရားသာသနာမှာ စာမတက်လို့ မဂ်ဖိုလ်၊နိဗ္ဗာန် မရဘူးဆိုတာ မဖြစ်ရဘူး"...ဆိုပြီး၊ တရားပြလိုက်တာ ရဟန္တာဖြစ်သွားတယ်။
ဒါ့ကြောင့်ဆရာတော်ကြီးတွေက၊ စာမတတ်လို ငရဲမကျဘူး၊ သီလမရှိရင်တော့ ငရဲ ကျမှာပဲတဲ့...
စာတက်ဖို့ထက် သီလလုံခြုံ ဖို့က ပိုအရေးကြီးပါတယ်လို့ ဆုံးမခဲ့ပါတယ်။
ဒါ့ကြောင့်မိတ်ဆွေတို့ စာမတက်တာ ဥာဏ်ထိုင်းတာတွေဟာ တရားအတွက်
ပြဿနာမရှိပါဘူး ။
သီလ လုံလုံခြုံခြုံ နဲ့တရားကိုသာ ကြိုးကြိုးစားစားအားထုတ်ကြဖို့အရေးကြီးပါတယ်။
အဲဒါကြောင့်.."ဝိပဿနာ" ဆိုတာ...သင့်မှာ စဉ်းစားတတ်တဲ့ ဉာဏ် နဲ့ ဝိရီယ ရှိရင် ရနေပြီ။
🙏🙏🙏🙏🙏
ခုပဲ ဒေမှာ ပြောထားတဲ့ အတိုင်း (၃ မိနှစ်)လား ရတယ် ကိုယ်လုပ်နိုင်သလောက်
ခဏလောက် စမ်းကြည့်ပေါ့..
ကိုင် စမယ်ဆို---
သင့် အနေ နဲ့သက်သာသလို..
(၁) တင်ပလ္လင် ခွေ (သို့မဟုတ်) အဆင်ပြေသလို ထိုင်လိုက်ပါ။
(၂) လက်ဝါးနှစ်ဖက်ကို ဖြန့်ပြီး ဘယ်ဖက်လက်ဝါးပေါ် ညာဖက်လက်ဝါး တင်လိုက် ၊
(၃) လက်မ နှစ်ချောင်းကို ထိပ်ချင်းထိထား၊(ထိရုံလောက်ပေါ့)
(၄) ခါးကို ၉၀ ဒီဂရီ မတ်နေအောင်ထား။
(၅)ခန္ဓာ ကိုယ်ကို မတောင့်ထားပါနဲ့၊ မတင်းထားပါနဲ့။(ခန္ဓာရဲ့ အကြော့တွေကို မတင်းထားပဲ လျော့ချလိုက်ပါ)
(၆) ပြီးရင် အသက် ပုံမှန်ကလေးရှု၊
(၇) မိမိ၏ စိတ်မှာ ဖြစ်ပေါ်နေတဲ့ အရာဟူသမျှ (လောဘ၊ဒေါသ၊မောဟ) ဘာပဲဖြစ်ဖြစ် အကုန်လုံးကို မစဉ်းစားနဲ့ မေ့ထားလိုက်။ (စိတ်ကို မတင်းထားပါနဲ့ အကုန်လုံးကို လျော့လိုက်ပေါ့)
(၈) နာခေါင်းက လေဝင်သွားရင် "ဝင်တယ်" ဆိုပြီး အသိစိတ်က မှတ်၊
( လေကို ရှူသွင်းလိုက်တဲ့အခါ နာခေါင်းမှာ ထိပြီး ဝင်သွားတာကို မိမိ၏ စိတ် သိအောင် ကြည့် မှတ်ပါ)။
လေပြန်ထုတ်ရင် "ထွက်တယ်" ဆိုပြီး အသိစိတ်က မှတ်၊
(၉) မှတ်နေရင်းက...ထူးထူးခြားခြား မိမိခန္ဓာ ကိုယ်မှာ တခုခု ...ဘာပေါ်ပေါ်..ဘာဘဲပေါ်လာလာ ...."သိတယ် သိတယ် "ဆိုပြီး မှတ်နေယုံဘဲ။
(၁၀) ထိုင်ရတာ ညောင်းလာ..လား? အေးလေ..ဒါပေါ့ အကျင့်မှ မရှိသေးတာ.. ကြာတော့..ညောင်းမှာပေါ့။
ညောင်းရင် နာလာမှာ ပေါ့.. ။အဲဒီတော့ နာ တယ် လို့ မှတ်ပေါ့..။အစပိုင်းမှာ မခံမရပ်နိုင် ဖြစ်လာယင် နော်..။ သည်းမခံနိုင်တဲ့ အဆုံး..
နည်းနည်းသက်သာအောင် အနေအထားကို ပြင်၊ ဖြည်းဖြည်းပြင်နော် ၊ အဲဒီ ပြင်တဲ့အခါမှာလည်းဘဲ "ပြင်တယ် ပြင်တယ်" ဆိုပြီး စိတ်က သိနေရမှာ နော်..။
ကုန်ကုန်ပြောမယ်
ဘာပေါ်ပေါ် စိတ်က မလွတ်စေနဲ့၊
ရှုရင်းရှုရင်း ခန္တာ ပေါ်မှာ တစ်ခုထက်မက မှတ်ရမှာတွေ များလာယင်တော့.. လောလောဆယ်အထင်ရှား ဖြစ်နေတာကို ရှုမှတ်ပါ။
(၁၁) ခန္ဓာမှာ ထင်ရှားစွာပေါ်နေတဲ့ ခံစားမှု မရှိရင်၊ မပေါ်တော့ရင် ထွက်လေ၊ဝင်လေ ကို ပြန်သတိကပ်ပြီး နေလိုက်ပါ။
အဲဒါ..အဲဒါဘဲ " ဝိပဿနာ " ဆိုတာ။
ဒီလိုပဲ ထပ်ခါ ထပ်ခါ အဆက်မပြတ် လုပ်ဆောင်နေလိုက်ပါ။
🙏🙏🙏🙏🙏
ကဲ.. ဒီတော့ "အချိန်မီသေးတယ်" ဒီနေ့ အခုချက်ချင်း လက်တွေ့ပဲ "ဝိပဿနာ "ကို အစမ်းအနေနဲ့ အားထုတ် ကြည့်လိုက်တော့...။
အဓိက ကတော့...စ လုပ်ဖြစ်ဖို့ပါဘဲ..၊ လုပ်ရင်းနဲ့ဝိပဿနာဉာဏ်တွေတိုးလာကြမှာပါ။
သေချာတာ တစ်ခုကတော့.. " ဝိပဿနာ " အားထုတ်ရင်..
စိတ်၏ အေးငြိမ်းချမ်းမှုရမယ်၊ ပူပင်မှုတွေ ကင်းဝေးမယ်၊
အို၊နာ၊သေ က လွတ်မြောက်နိုင်မဲ့ နိဗ္ဗာန် ကို ရောက်မယ် ဆိုတာတော့ အသေအချာပြောနိုင်ပါတယ်။
အရှင်အရဟံ-မြောက်ဦး
0 Comments