ဘုရားအလောင်းတော် ပါရမီဖြည့်ခဲ့သည့်
လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ရေတွက်ပုံ
================
လေးအသင်္ချေဆိုသည်မှာ ---
၁။ သေလ အသင်္ချေ
၂။ ဘာသ အသင်္ချေ
၃။ ဇယ အသင်္ချေ
၄။ ရုစိရ အသင်္ချေ တို့ဖြစ်သည်။
၁။ သုမေဓာရှင်ရသေ့ ဗျာဒိတ်ခံယူသည့် ကမ္ဘာ၏
နောက်ဆုံးပွင့်တော်မူသောဘုရားဖြစ်သည့်
ဒီပင်္ကရာဘုရားနှင့် ကောဏ္ဍညဘုရားတို့အကြား ဘုရားလုံးဝမပွင့်သော မရေတွက်နိုင်သည့် ကမ္ဘာများကို
"သေလအသင်္ချေ" ဟူ၍ တစ်သင်္ချေ ရေတွက်ရသည်။
၂။ ကောဏ္ဍညဘုရားနှင့် မင်္ဂလဘုရားတို့အကြား
ဘုရားလုံးဝမပွင့်သော မရေတွက်နိုင်သည့် ကမ္ဘာများကို
"ဘာသအသင်္ချေ"ဟူ၍ တစ်သင်္ချေ ရေတွက်ရသည်။
၃။ သောဘိတဘုရားနှင့် အနောမဒဿီ ဘုရားတို့အကြား ဘုရားလုံးဝမပွင့်သော မရေတွက်နိုင်သည့် ကမ္ဘာများကို "ဇယအသင်္ချေ"ဟူ၍ တစ်သင်္ချေ ရေတွက်ရသည် ။
၄။ နာရဒဘုရားရှင်နှင့် မဒုမုတ္တရဘုရားတို့အကြား
ဘုရားလုံးဝမပွင့်သော မရေတွက်နိုင်သည့် ကမ္ဘာများကို "ရုစိရ အသင်္ချေ "ဟူ၍ တစ်သင်္ချေ ရေတွက်ရသည်။
ကမ္ဘာ တစ်သိန်းဆိုသည်မှာ
------------------------------------
ပဒုမုတ္တရဘုရားပွင့်ပြီးနောက် ဘုရားများ
ဆိတ်သုဉ်းခဲ့သော ကမ္ဘာပေါင်း " ၇၀၀၀၀ "
သုဇာတဘုရားနှင့် ပိယဒဿီ ဘုရားအကြား
ကမ္ဘာပေါင်း " ၂၈၁၉၉ "
ဓမ္မဒဿီဘုရားနှင့် သိဒ္ဓတ္ထဘုရားအကြား
ကမ္ဘာပေါင်း " ၁၇၀၅ "
သိဒ္ဓတ္ထဘုရားနှင့် တိဿဘုရားအကြား " ၁ "ကမ္ဘာ
ဝိပဿီဘုရားနှင့် သိခီဘုရားအကြား
ကမ္ဘာပေါင်း "၅၉ "
ဝေဿဘူဘုရားနှင့် ကကုသန်ဘုရားအကြား
ကမ္ဘာ ပေါင်း " ၂၉ "
ပဒုမုတ္တရဘုရားနောက်ဘုရားပွင့်သော
ကမ္ဘာ ပေါင်း " ၇ "
စုစုပေါင်း ကမ္ဘာတစ်သိန်းဖြစ်ပါသည်
.
အရင်postကဖျက်မိ၍ပြန် ပြန်တင်ပေထာပါသည်
Credit =ဓမ္မရေစင် အရှင်နာယက
ပြန်လည်မျှဝေသူ
//-SaSaNa-
#credit
#ရသစာပေနှင့်သီချင်းများဇုံpageမှ
#မေတ္တာဖြင့်
#ပြန်လည်မျှဝေပါသည် ။
0 Comments