=====================

မာဂဏ္ဍိယ.....ဥပမာအနေအားဖြင့်.

နုနာရောဂါသည်တစ်ယောက်ဟာ.တစ်ကိုယ်လုံး မှာအနာတွေနဲ.ပြည်တွေတည်ကာ.ပိုးလောက် တို့ရဲ့ကိုက်ခဲမှုဒဏ်ကို.ခံနေရတယ်.လက်တွေနဲ့ ကုပ်ဖဲ့l လျက်.မီးကျီးခဲတွေမှာ.ကိုယ်ကိုကင်ကာ. သက်သာယာကို.ရှာနေရတယ်.


သူမိတ်ဆွေတွေက.ဆေးဆရာနဲ့ကုသပြီး.အဲဒီ ရောဂါဆိုးမှ.လွတ်မြောက်စေခဲ့တယ်.အလိုရှိ သလိုသွားလာရင်း.သူလိုပဲ.ရောဂါသည်တစ် ယောက်ကိုတွေ့ပြီး.အဲ့ဒီရောဂါသည်ရဲ့.မီးကျီးခဲ ၌ကိုယ်ကိုကင်ခြင်း..ဆေးမှီဝဲခြင်းတို့ကို.ပြန်၍.

လိုခြင်တောင့်တခြင်းမျိုး.ရှိနိုင်ပါ၏လော့ဟု. မေးတော်မူ၏...


အရှင်ဂေါတမ.. ရောဂါရှိသော်.ဆေးဖြင့်ပြု ဖွယ် ကိစ္စရှိ၍.တောင်းတ.မှုရှိနိုင်ပေမဲ.ရောဂါမရှိရင်တော့.ဆေးဖြင့်.ပြုဖွယ်ကိစ္စမရှိ၍.တော့င်တမှုမရှိနိုင်ပါ..ဟုလျှောက်လေ၏.


မာဂဏ္ဍိယ.ဤဥပမာနဲတူစွာ.ငါဘုရားဟာ. ရှေးလူဖြစ်စဉ်က.နွေ.မိုး.ဆောင်း.စံနေရာ. ပြာသာဒ်သုံးဆောင်မှာ.အောက်သို့မဆင်းပဲ. မင်းမိန်းမ တွေတီးမှုတ်တဲ့.တူရိယာတွေနဲ့ ငါးပါးသော.ကာမဂုဏ် ကို.ပြည်စုံလုံလောက်စွာ ပျော်ပါးခဲ့ဘူးတယ်...


အဲဒီနောက်မှာတော့.ကာမဂုဏ်တို့၌.အပြစ်ကို. မြင်ပြီး.ကာမဂုဏ် ကြောင့်ဖြစ်တဲ့ ပူလောင်ခြင်း တို့ကိုပယ်ဖျောက်ကာ.ဆာလောင်.မွတ်သိပ်ခြင်း ကင်းတဲ့.အတွင်းအဇ္စျတ္တသန္တာန်.မှာ.ငြိမ်းအေး တဲ့စိတ်နဲ့.နေတော်မူခဲတယ်.. ...


ကာမဂုဏ်မကင်းသေးတဲ့.ကာမတရားဖြင့် ထက်ဝန်းကျင်.ပူလောင်နေတဲ့.ကာမတရားကို. ခံစားနေတဲ့.သတ္တဝါ တွေကို.မြင်တော်မူခဲ့သော်လည်း...``ကာမဂုဏ်တို့ကိုကြဉ်၍.အကုသိုလ်တရားတို့ကို.ကြဉ်၍သာလျှင်.နတ်၌ဖြစ်သော ချမ်းသာကိုသော်လည်း.သာလွန်၍တည်သော. မွေ့လျောခြင်းဖြင့်.မွေ့လျောနေသည်ဖြစ်၍.

ယုတ်ညံ့သော.ကာမဂုဏ် တရားတို့ကို.မတောင့် တတော့ပြီ.မမွေ့လျော်တော့ပြီ. .


နတ်ကာမဂုဏ်ငါးပါးတို့ဖြင့်.ပြည့်ပြည့်စုံစုံ.မွေ့လျော်ပျော်ပါးနေသော.နတ်သားနတ်သ္မီးတွေဟာ.လူ့ကာမဂုဏ်ငါးပါးကို.တောင့်တအံ့လော?..ဟုမေးတော်မူ၏.. .


လူ့ကာမဂုဏ်တို့ထက်.နတ်ကာမဂုဏ်တို့က. အရာရာသာလွန်သောကြောင့်.တောင့်တမှု မရှိနိုင်ကြပါ..ဟုလျှောက်ထား၏. 


မာဂဏ္ဍိယ.. ဤဥပမာနှင့်တူစွာ...ငါဘုရားအား.ပယ်စွန့်အပ်သော.ကာမတဏှာတို့ကို မတော့င်တတော်ပြီ.ထိုကာမတရားတွေမှာလည်း.မမွေ့လျောတော့ပြီ.. ...


မာဂဏ္ဍိယ.. .နူနာရောဂါပျောက်ကင်းတဲ့သူကို.ရှေးရောဂါရှိစဉ်တုန်းကလို. အခြားသူနှစ်ယောက်က.လက်မောင်း. တစ်ဖက်စီကိုင်ကာ.မီးကျီးခဲတွေမှာ.ကိုယ်

ကို.ကင်ကုန်ရာ၏....


မာဂဏ္ဍိယ.. .ထိုငါဘုရားဆိုတဲ့စကားကို. သင့်ဘယ်လို.အော့မေ့သလဲ.?


ထိုမီးကျီးခဲအစုမှာ.ကိုယ်ကိုအကင်ခံရတဲ့ အခါ.လှုပ်ရှားရုန်းကန်ကာ.လွတ်အောင်.ပြုရာသည်.မဟုတ်လော..?


အရှင်ဂေါတမ.. .မီးရဲ့ပြင်းထန်တဲ့.ပူလောင်မှုကြောင့်.ကြီးစွာသောပူခြင်းကို. ခံစားရ၍.အမှန်ပင်.ရုန်းကန်မှု.ဖြစ်ပါ၏..ဟုလျှောက်လေ၏.. .


မာဂဏ္ဍိယ.. .ထိုမီးသည်.ယခုအခါမှသာ.ပြင်းထန်သော.ပူလောင်ခြင်းရှိသည်ဖြစ်

သလော?ရှေးအခါကလည်း.ပြင်းထန်သောလောင်ခြင်း.ကြီးစွာသော.ပူခြင်း

မရှိသလော.?ဟုမေးတော်မူ၏.. .


အရှင်ဂေါတမ.. မီးသည်.ယခင်ကော.ယခုပါ.ပြင်းစွာပူလောင်ခြင်း.ဖြစ်ပါ၏.

ထိုသို့ပူလောင်ခြင်း.ရှိသော်လည်း.နူနာစွဲစဉ်အခါ.ပိုးလောက်တို့.ကိုက်ခဲ့မှုကို.

မီး၌ချမ်းသာ၏ဟု.ဖောက်ပြန်ပြီး.အမှတ်မှားသော.စိတ်ဖြစ်နေ၍.ပူလောင်မှန်းမသိဖြစ်ခဲ့ပါသည်ဘုရား.ဟုလျောက်၏.. 


မာဂဏ္ဍိယ.. ဤအတူသာလျှင်.ပစ္စုပ္ပန်.အတိတ်.အနာဂတ်. ကာလသုံးပါးလုံးမှာ

ဖြစ်တဲ့.ကာမတရားဟာ.ဆင်းရဲ့တဲ့အတွေ့.ရှိတယ်.ပြင်းထန်သော.ပူလောင်ခြင်းရှိ

တယ်.ဒါပေမဲ့.. .သတ္တဝါ တွေဟာ.ဣနြေ္ဒ.ပျတ်စီးနေသည့်၏.အဖြစ်ကြောင့်ဆင်းရဲ့ပြီးပူလောင်ခြင်းရှိတဲ့.ကာမတရားတို့၌.ချမ်းသာ၏.ဟုဖောက်ပြန်မှားယွင်းတဲ့.အမှတ်သညာရှိနေကြတယ်..


မာဂဏ္ဍိယ.. နူနာရောဂါသည်ဟာ.ပိုးလောက်တွေကိုက်ခဲမှုကို.ပျောက်အောင်.

ကိုယ်ကို.မီးကျီးခဲ့အစုမှာ.ကင်ပေမဲ့.ကိုယ်မှာဖြစ်နေတဲ့အနာရောဂါတွေဟာ.

ပိုမိုဆိုးဝါးလာကာ.မကောင်းသော.အနံ.ထွက်ပြီး.အလွန်ပုပ်ကုန်ခြင်းသို့.

ရောက်ကုန်တယ်...အနာတွေရဲ့အယားကိုသာ.အနည်းငယ်.ပယ်ဖျောက်နိုင်ပြီး.

သက်သာယုံသာ.ဖြစ်ခဲ့တယ်..


မာဂဏ္ဍိယ.. .ဤအတူပဲ..ကာမဂုဏ်တို့၌.မကင်းသေးသောရာဂရှိသော.သတ္တဝါတို့သည်.ကာမဂုဏ်တို့ကို.မှီဝဲကုန်၏.ထိုသတ္တဝါတို့အား.ကာမတဏှာ တို့သည်

အဖန်ဖန်.တိုးပွားလာကုန်၏.ကာမအပူဖြင့်.ထက်ဝန်းကျင်. ပူလောင်ကုန်၏.


ကာမဂုဏ်ငါးပါးတို့ကို.အစွဲပြု၍ဖြစ်သော.သက်သာရာမျှ.သာယာကာမျှသာလျှင်.ဖြစ်ကြကုန်၏..


မာဂဏ္ဍိယ.. မင်း.မင်းအမတ်တို့ဟာ.ကာမဂုဏ်ငါးပါးတို့ဖြင့်.ပြည့်ပြည့်စုံစုံ.

လုံလုံလောက်လောက်.မွေလျော်ပျော်ပါးလျက်.ကာမတဏှာ ကို.မပယ်မစွန့်မူ၍.

ကာမအပူကို.မဖျောက်ဘဲ.ကင်းသော.ဆာလောင်မှုရှိသည်ဖြစ်၍.အတွင်းအဇ္စျတ္တ

သန္တာန်၌.ငြိမ်းအေးသော.စိတ်ရှိသည်ဖြစ်၍.နေလည်းနေပြီ.နေလည်းနေဆဲ.

နေလည်းနေလတ္တံ့ဟူသော.ဤသိုသော.စကား.အဖြစ်ကို.သင်မာဂဏ္ဍိယ.

မြင်ဘူးကြားဘူးသလား?ဟုမေးတော်မူ၏


အရှင်ဂေါတမ. ဤသို့.နေခြင်းမှာ.မဖြစ်နိုင်သည်သာ.ဟုလျှောက်ထား၏.. .


မာဂဏ္ဍိယ.. ကောင်းပါပေ၏.သင်မကြားဘူး.မမြင်ဘူးသလို.ငါဘုရား

လည်း.မြင်လည်းမမြင်စဘူး.ကြားလည်းမကြားစဘူး.ဟုမိန်တော်မူ၏..


မာဂဏ္ဍိယ.. .ခပ်သိမ်းသော.ရဟန်းပုဏ္ဏားတို့သည်.ကာမဂုဏ်တရားတို့၏.

ဖြစ်ခြင်း.ချုပ်ခြင်း.သာယာဖွယ်.မသာယာဖွယ်အပြစ်တို့ကို.ဟုတ်တိုင်းမှန်စွာ.သိကုန်၍.ကာမတဏှာကို.ပယ်စွန်ကာ.ကာမအပူကိုဖျောက်၍.ကင်းသော .ဆာလောင်မွတ်သိပ်ခြင်းရှိသည်ဖြစ်၍.အတွင်းအဇ္စျတ္တသန္တာန်၌. ငြိမ်းအေးသော.စိတ်ရှိသည်ဖြစ်၍.နေလည်းနေခဲ့ကြကုန်ပြီ...နေလည်းနေကြကုန်ဆဲ.နေလည်းနေကြကုန်လတ္တံ့ဟုမိန့်တော်မူရင်း


``လာဘ်ဟူသမျှတို့တွင်.အနာကင်းခြင်းလာဘ်သည်.အသာဆုံးဖြစ်ပေ၏။


ချမ်းသာဟူသမျှတို့တွင်. နိဗ္ဗာန် ချမ်းသာသည်.အသာဆုံးချမ်းသာဖြစ်ပေ၏။


အမြိုတ်နိဗ္ဗာန်သို့.သွားရောက်ကြောင်း လမ်းခရီးတို့တွင်. အင်္ဂါရှစ်ပါးရှိသော.

မဂ္ဂင်္လမ်းခရီးသည်.ဘေးကင်း၍. အမြက်ဆုံးလမ်းခရီး.ဖြစ်ပေ၏။ ဟု


ဥဒါန်းစကားကို.ကျု းရင့်မြွတ်ကြားတော်မူလေ၏......

____________________________

ဤစကားတော်များသည်.ကုရုတိုင်း ကမ္မာသဓမ္မအမည်ရှိသော.နိဂုံးတွင်

ဘာရဒွါဇ ဂေါတ္တပုဏ္ဏား၏.မီးတင်းကုပ်အတွင်း.မြက်အခင်း.၌.သီတင်းသုံး နေ

တော်မူစဉ်မှာ.မာဂဏ္ဍိယ ပရိဗိုဇ်အားမိန့်ကြားတော်မူသော.ကာမတရား

စပ်သော.တရားတော်ဖြစ်ပေ၏.


.[မဇ္စျိမ ပဏ္ဏာသ. ပရိဗ္ဗာဇကဝဂ်.

မာဂဏ္ဍိယ သုတ်တော်ဖြစ်သည်]

🙏🙏🙏

ဦးတေဇနိယ


       ဦးသိန်း