🙏ပြာသိုလ်လပြည့် အမေများနေ့ 🙏

နိုင်ငံတော်တော်များများမှာ နှစ်စဥ် မေ လရဲ့ ဒုတိယ ပတ် တနင်္ဂနွေနေ့ကို
အမေများနေ့အဖြစ်သတ်မှတ်ကြပေမယ့်
ကျနော်တို့နိုင်ငံမှာတော့ ဆရာကြီးဦးသုခရဲ့ ကြိုးပမ်းမှုနဲ့ ၁၉၉၅ ခုနှစ် 
ပြာသိုလ် လပြည့်နေ့ မှ စတင်ပြီး နှစ်စဥ် ပြာသိုလ်လပြည့်နေ့ တိုင်းကို
အမေများနေ့အဖြစ်  သတ်မှတ်နိုင်ခဲ့ကြပါတယ် ..
ကျနော်တို့ ကို ကမ္ဘာလောကကြီး ရဲ့ အလင်းရောင်ကိုမြင်တွေ့ခွင့်ရအောင်ခေါ်ဆောင်ပေး 
ခဲ့ပါသော၊ ဖဝါးလက်နှစ်လုံးပခုံးလက်နှစ်သစ်မှ စပြီး လူတစ်လုံးသူတစ်လုံးဖြစ်တဲ့အထိ 
မှက် ခြင် ယင် မသမ်းရအောင် ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့ပါသော 
မေတ္တာ တရား ၊ ကျေးဇူးတရား ကြီးမားလှပါသော 
လောကကြီးမှာ အနစ်နာခံရဆုံး၊ အပေးဆပ်ဆုံး၊ အလုပ်များဆုံးလူသားများဖြစ်သော 
ကမ္ဘာပေါ်ရှိ ရှိရှိသမျှ အမေများ (သို့ ) စုံရေမေတ္တာရှင် များ  အားလုံးကို ဦးညွှတ်ဂါရဝ ပြုအပ်ပါသည်🙏🙏

အရှင်အရဟံ(မြောက်ဦး)