နေဝင်တော့မည်
by ASHIN ARAHAN on 👉ဓမ္မမှတ်စု
ဘယ်သောအခါမှ ပြန်မရနိူင်တော့တဲ့နေ့ တစ် ရက်။
ညှိုးသောမျက်နှာတို့ဖြင့်ရှိလိမ့်မည်။ သင့် အ ကြောင်းတီးတိုး
ဆို၍နေလိမ့်မည်။ ငိုသံတို့ဖြင့် သင့်ကိုခေါ်၍ ခေါ်၍နေ
လိမ့်မည်။သင့်ကိုချစ်သူတို့သည် ရှိုက်၍ရှိုက်၍ ငိုချေမည်။
သင့်ကိုမုန်းသူတို့လည်း အနည်းငယ်မျှသောစိတ် မ ကောင်း
ခြင်း ဖြစ်ကောင်းဖြစ်မည်။
လိုက်ပို့သောကားတို့ဖြင့် ၎င်းနေရာသည် ရှုပ်ထွေး၍နေလိမ့်
မည်။မိုးရွာမလား။နေပူမလားမသိချေ။လူတို့သည်ခပ်သုတ်သုတ်
ပြန်ဖို့ပြင် လိမ့်မည်။တာဝန် ရှိသောသူကလည်း မီးရှို့ရန်
ပြင် တော့မည်။
သင် သည် ည နေစာမစားရ တော့။နောက်တစ်နေ့နေအထွက်
ကိုသင် မမြင် ရ တော့။သင့်မိတ်ဆွေတို့နှင့် မ တွေ့ရ တော့
အလုပ် လည်းမဆင်းရ တော့။ ဟိုသွားဒီသွားလည်းမလုပ်
ရ တော့။ဘောလုံးပွဲလည်း မကြည့်ရ တော့။ကိုရီးယားကား
လည်းမကြည့်ရ တော့။ အင် တာ နက်လည်း မသုံးရ တော့။
ဒီမို က ရေစီလည်း သင် မသိ တော့။
သင် အိမ် မပြန် ရ တော့ပြီ....။
သင့်စေတနာ တို့သည် သင့်ကိုဖန်တီးလိမ့်မည်။
သင် ဘယ်ရောက်မည်မသိ။ ဘုရားဝတ်တက်ခွင့်မှ
ရပါလေစ။ ဒါနပြုခွင့်မှ ရပါလေစ။ သီလ စောင့်စည်းခွင့်မှ
ရပါလေစ။ တရားနာခွင့်။တရားဆွေးနွေးခွင့်။တရား
အားထုတ်ခွင့်မှ ရ ပါလေစ။
ခေါင်းတိုင် မှမီးခိုးတို့ပျံ့ထွက်လာချေပြီ။
သင် သည် ဘာမှမဟုတ်ချေ။
ဝဋ်ကောင် သက်သက် သာတည်း....။
Uwunni Ta (FB)
...................................................
“သင်တစ်ယောက်တည်းသာ ဝင်ခွင့်ပြုသည်…။”
****************
အေးစက်သောအခန်းထဲမှ ထုတ်ခဲ့ပါ
မိတ်ကပ်လှလှ ပြင်ပေးပါ
အဝတ်အသစ် တစ်စုံလွှမ်းခြုံပေးပါ
ပန်းများခြံရံလျှက် ခန်းမထိပ်တွင်ထားပေးပါ
ဇာခြင်ထောင် အပါးလေး ဖုံးအုပ်ထားပါ
အ မွှေးတိုင်များ လှိုင်နေ အောင် ထွန်းထားပါ
မိတ်ဆွေ သင်္ဂဟများ လာရောက်ကြည့်ရှုကြပါ
ဆွေမျိုးပေါက်ဖော်များ ဝမ်းနည်းလျှင် ငိုကြွေးပါ
(စိတ်မခိုင်သူများ ကူငိုပေးကြပါ)
အသက်ငယ်သူများ
(ေ နောက်ဆုံးအ နေနဲ့) ကန်တော့ကြပါ။***
သက်မှတ်ချိန်ကျပါပြီ…
ခေါင်းတလားအတွင်းပြောင်းထည့်ပါ
ထမင်းထုတ်လေးပါထည့်ပေးပါ
ကူးတို့ခပါ အာခံတွင်းသို့ ထည့်ပေးပါ
ကြေးစည်သမားနှစ်ယောက် ရှေ့ဆုံးကသွားပါ
ပန်ခွေကိုင်သူများ တန်းစီ၍လိုက်ကြပါ
မိသားစုဝင်များ
တွန်းလှည်းဘေး ငိုကြွေးရင်း လိုက်ကြပါ
သတ်မှတ်နေရာတွင် ရေအိုးကိုခွဲခဲ့ပါ။
ရောက်ပြီ…
ပန်းခွေများ စင်ပေါ်တွင်တင်ခဲ့ပါ
ရင်ဘတ်ပေါ်မှပန်းတစ်ပွင့် အိမ်ယူသွားပါ
အ ခေါင်းမပိတ်မှီ နောက်ဆုံးတစ်ခေါက်ကြည့်ကြပါ
သဂြိုလ်ခွင့်လက်မှတ်လေးတော့ အပ်ခဲ့ပါ
စိတ်မချလျှင် လူလေးယောက်အတွင်းသို့လိုက်ခဲ့ပါ
ကြည့်ကောင်းအောင် ငါးရာ တစ်ထောင် မစလိုက်ပါ။
တံခါးဖွင့်လိုက်ပြီ…
အသက်ဘယ်လောက်လည်း မ မေးပါ
ကျား၊ မ မခွဲခြားပါ
ရုပ်ရည်ရူပကာ မကြည့်ပါ
ပညာတတ်ကြောင်း ထောက်ခံချက်များမလိုပါ
ဘာကောင်ကြီးလည်း စိတ်မဝင်စားပါ
စည်းစိမ်ဘယ်လောက်ရှိလည်း ထားခဲ့ပါ
ချစ်သူများ မုန်းသူများ အားလုံးနေခဲ့ပါ။
မီးသဂြိုလ်စက်အတွင်းသို့
သင်တစ်ယောက်တည်းသာ ဝင်ခွင့်ပြုသည်။
တံခါးပြန်ပိတ်လိုက်ပြီ။
ခေါင်းတိုင်မှ မီးခိုးဖြူလွှလွှလေးများ
ထွက်လာပါလိမ့်မည်။ . . . ။
မီးခိုးမထွက်ခင်
လိုက်ပို့သောကားများ
ပြန်ထွက်သွားကြပါပြီ။
တစ်ဘ၀ ပြီးပြီ။
Credit By Ko Zay
...............................................
သေရင် ရှာထားခဲ့ သမျှ
ဘာမှ ယူသွားလို့မရပါဘူး။
မိသားစု၀င်တွေလည်း သင်နဲ့ အတူ
မလိုက်ပါဘူး။
ရှိတာ အားလုံး ထားခဲ့ရမှာပါ။
သက်ဆိုင်သူ အားလုံးနဲ့ ခွဲခွါရမှာပါ။
ဒီတော့ ကိုယ်နဲ့ အတူယူသွားနိုင်မယ့်
ကုသိုလ် အလုပ်ကို များများလုပ်သွားပါ။
မိသားစု၀င်တွေ၊ ဆွေမျိုးမိတ်ဆွေ၊
အ ပေါင်းအသင်း၊ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း
တိုက်တွန်းခြင်းဖြင့် မိမိကိုယ်ကို
ဓမ္မမိတ်ဆွေကောင်းအဖြစ် ခံယူပါ။
ကုသိုလ် အ နေနဲ့ ဒါန၊ သီလ၊ သမထ အပြင်
၀ိပဿနာ လမ်းကြောင်းပေါ် ရောက်အောင်
လျှောက်ပါ။
၀ိပဿနာ ကသာလျှင် သံသရာထွက်ရာ
လမ်းကြောင်း အမှန်ဖြစ်လို့
ကိုယ်တိုင် ကျင့်ကြံ၊ပွားများ အားထုတ်ပြီး
သက်ဆိုင်သူများကိုလည်း လက်တွဲခေါ်ပါလို့
တိုက်တွန်းပါတယ်။
မေတ္တာဖြင့့်
( မူရင်းမျှဝေသူများကို
0 Comments