ပွာသိုလျလပြည့်နေ့ (ရှင်တစ်ထောင်အခါတော်နေ့)
တက္ကသိုလ် သျှင်ဥက္ကာ (မဟာဝိဇ္ဇာ ကျမ်းပြု)

ဂေါတမဘုရားရှင် လက်ထက်တော်အခါက ရသေ့ညီနောင် ရှင်တစ်ထောင်တို့သည် ၄င်းတို့၏ အယူဝါဒအား စွန့်ပယ်ကြလျက် ဗုဒ္ဓသာသနာတော်အတွင်း ကူးပြောင်းရောက်ရှိလာကြသောကြောင့်ပါပေ။

ဂေါတမမြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ပထမဝါကျွတ်ပြီးနောက် ရသေ့တစ်ထောင်ကို ချွတ်ရန် ဥရုဝေလတောသို့ တန်ဆောင်မုန်းလပြည့်နေ့တွင် သွားရောက်ခဲ့ပါသည်။ ပြာသိုလပြည့်နေ့အထိ ၂လကြာမျှ ဥရုဝေလတော၌ပင် သီတင်းသုံးလျှက် ရသေ့များအား စည်းရုံးခဲ့ပါသည်။ ထိုစဉ်ကာလ ဥရုဝေလတော၌ အစ်ကိုကြီး ဥရုဝေလကဿပ ခေါင်းဆောင်သော ရသေ့ငါးရာ၊ အစ်ကိုလတ် နဒီကဿပ ခေါင်းဆောင်သော ရသေ့သုံးရာ၊ ညီငယ်ဂယာကဿပ ခေါင်းဆောင်သော ရသေ့နှစ်ရာ စသည်တို့သည် သုံးနေရာခွဲလျက် နေထိုင်သီတင်းသုံးနေကြသည်။ ဥရုဝေလတောအုပ်သို့ ရောက်ရှိတော်မူခဲ့သော ဂေါတမဘုရားရှင်သည် ဦးစြာ ဥရုဝေလကဿပ ရသေ့ကြီးထံ သွားရောက်လျက် နေခွင့်တောင်းခံသောအခါ နဂါးကြီးရှိသောနေရာ၌ သီတင်းသုံးခွင့် ရခဲ့သည်။ ရသေ့အားလုံးပင် နဂါးကြီး၏ လက်ချက်ဖြင့် ဘုရားရှင်အသက်ဆုံးမည့်အရေးအတွက် စိုးရိမ်တော်မူနေကြသည့်ကြားမှပင် ဘုရားရှင်က နဂါးကြီးအား နှိမ်နင်းပြလိုက်သည့်အခါ ဥရုဝေလကဿပနှင့်တကွ ရသေ့အပေါင်းတို့လည်း ဘုရားရှင်အား လေးစားအထင်ကြီးသွားကြကုန်၏။

ဥရုဝေလကဿပနှင့်တကွ ရသေ့အားလုံးတို့သည် တရားနည်းလမ်းမကျသော မီးလှုံခြင်း၊ ရေငုပ်ခြင်း စသည့် ပဉ္စာတပအကျင့်များကို ကျင့်ကြကုန်၏။ ထိုအကျင့်များကို ကျင့်ခြင်းဖြင့် ကိလေသာခေါးပါးလိမ့်မည်ဟုလည်း လြဲမွားစြာ မှတ်ထင်ထားကြကုန်၏။ ၄င်းတို့၏ ကျင့်ကြံပုံမှာ ဆီးနှင်းများ တဖွဲဖွဲကျဆင်းနေပြီး ခိုက်ခိုက်တုန်အောင် ချမ်းအေးလှစွာသော ပြာသိုလသမယအတွင်း သတ်မှတ်ရက် ရွစ္ည၌ နေရဉ္ဇရာမြစ်အတွင်းသို့ သက်ဆင်းကာ ရေငုပ်ကြကုန်၏။ သည့်အတွက် ခိုက်ခိုက်တုန်မျှ အချမ်းဝေဒနာကို ခံစားကြရလေသည်။ ဤ၌ မေတ္တာကရုဏာ ကြီးမားလှစွာသော ဗုဒ္ဓဘုရားရှင်က ရေသ့မ်ား အချမ်းဝေဒနာ သက်သာစေရန် ဖန်ဆင်းပေးတော်မူခဲ့သည်။

ထို့အပြင် ဗုဒ္ဓဘုရားရှင်သည် ရေသ့မ်ားခြဲ၍ မကွဲသော ထင်းတုံးငါးရာအား တစ်ပြိုင်နက် ကွဲစေခြင်း၊ ရသေ့များမွှေး၍မရသောမီးကို တစ်ပြိုင်နက် တောက်လောင်စေခြင်း၊ ရသေပများငြိမ်း၍မရသော မီးငါးရာအား တပြိုင်နက် ငြိမ်းစေခြင်း၊ မီးအိုးကင်း ငါးရာကို တပြိုင်နက် ဖန်ဆင်းခြင်းစသော တန်ခိုးတော်များကို ပြသတော်မူပါသည်။ တန်ခိုးတော်စုစုပေါင်း (၃၅၁၆)မျိုးပြသ၍ ရေသ့မ်ားအား ဆွဲဆောင်တော်မူခဲ့သည်။

ထိုအခါ ရသေ့အပေါင်းတို့သည် ၄င်းတို့၏ အသုံးအဆောင် ပစ္စည်းများအားလုံးကို နေရဉ္ဇရာမြစ်အတွင်းသို့ စွန့်ပစ်လိုက်ကြပြီး ဗုဒ္ဓဘုရားရှင်ထံ၌ ရဟန္ဒအျဖစ္ကို တောင်းခံခဲ့ကြလေ၏။ ပထမအကြိမ် ဥရုဝေလကဿပနှင့် တပည့်များ၊ ဒုတိယအကြိမ် နဒီကဿပနှင့် တပည့်များ၊ တတိယအကြိမ် ဂယာကဿပနှင့် တပည့်များ သုံးသုတ်ခွဲ၍ သာသနာ့ဘောင်သို့ ဝင်ရောက််ခဲ့ကြသည်။ သည့်နောက် ရှင်တစ်ထောင် (ဝါ) ရသေ့တစ်ထောင်လုံး ဧဟိဘိက္ခုရဟန်းများ ဖြစ်လာကြတော့သည်။ ထိုအခါ ဗုဒ္ဓဘုရားရှင်လည်း ရသေ့တစ်ထောင်အား ဂယာသီသကျောက်ဖျာပြင်၌ " အာဒိတ္တ ပရိယာယ သုတ္တန် ဒေသနာ" ကို ဟောကြားတော်မူရာ ရဟန်းအားလုံး အာသဝေါကုန်ခမ်း၍ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့ကြလေတော့သည်။ ထိုနေ့ကား ပြာသိုလပြည့်နေ့ ဖြစ်လေ၏။ သည့်အတွက်ကြောင့် ပြာသိုလပြည့်နေ့အား ဗုဒ္ဓဘာသာဝင်တို့က " ရှင်တစ်ထောင် အခါတော်နေ့" ဟူ၍ သတ်မှတ်ခဲ့ကြခြင်းဖြစ်လေသည်။
ပြာသိုလကား ဖုဿရာသီဖြစ်၏။ ဆောင်းဥတု၏ အလယ်ပိုင်းရတု ဖြစ်ခြင်းကြောင့် ဆီးနှင်းတို့ ထူထပ်၍ အအေးဒာတ်လွန်ကဲသောအခါလည်း ဖြစ်ပေသည်။ လမင်းနှင့် ဖုသျှနက္ခတ်ယှဉ်၍ လပြည့်ခြင်း၊ နေမင်းနှင့် "မကရ" ကြယ်စုတို့ ယှဉ်ခြင်းတို့ကြောင့် "မကာရရာသီ" ဟူ၍လည်း မှတ်သားကြလေသည်။ မကာရမွာ မိကျောင်းဟူ၍ အဓိပ္ပာယ် ရပါသည်။ ရှေးမြန်မာဘုရင်တို့သည် ဤလရာသီသို့ရောက်လျှင် မြင်းခင်းသဘင်ကို ဆင်ယင်ကျင်းပလေ့ ရှိကြသည်။ မင်းညီမင်းသား၊ မင်းမြေးများနှင့်တကွ မှူးကြီးမတ်ကြီး စစ်သေနာပတိကြီးများ စုရုံးကြွရောက်လာကြပြီး ကြည်းတပ်စစ်တန်ဆာများ ဖြစ်ကြသော ချပ်မိန်ညိုတို့အား သပ်ရပ်တင့်တယ်စွာ ဝတ်စားဆင်ယင်ကြလျှက် သက်ဆိုင်ရာတပ်ဖွဲ့အသီးသီးမှ ဓား၊ လွံ၊ လေး၊ မြား စသည်တို့ကို စွဲဆောင်ကြပြီး နန်းရင်ပြင်၌ စွမ်းရည်များ ပြသကြပါသည်။ ဓားခုတ် လှံထိုးအမျိုးမျိုးတို့ကို ဆိုင်းချက်ညီညီနှင့် အစွမ်းပြကြရာ ရင်ထိတ်သည်းဖို ရှုကွင်းရှု့ကွက်များအဖြစ် ခံစားကြရလေသည်။

မြင်းစီးသူရဲကောင်းများသည် မြင်းပေါ်၌ ထိုင်လျက်ကလည်းကောင်း၊ မတ်တပ်ရပ်လျှက်လည်းကောင်း၊ အိပ်လျက် ရှေ့ပြန်နောက်ပြန်ပြုလျက်လည်းကောင်း အမျိုးမျိုး မြင်းစီးရင်း စွမ်းရည်များပြသကြ၏။ မြင်းကို ဒုန်းစိုင်းစီးပြ၏။ မြင်းစီးယင်းမှ အဲမောင်းပစ်ပြ၏။ စက်အမျိုးမျိုး ခုတ်ပြ၏။ ဓားရေး လှံရေးတို့ပြသသည်မှာ ရင်သပ်ရှုမောဖွယ်ကောင်းလှ၏။ အဲမောင်း ၉၃၇)ချင်း သံပေါက်၌
" စီးနည်း သုံးဆယ်၊ ခုနှစ်သွယ်
ခြယ်လှယ်စိုင်းကာသာ။
လွှတ်ကွင်းပြင်ဝယ်၊ သဘင်မြင်းခင်း
ခွာရေးကျင်း
စိုင်းလျင်းဆိုဖွယ်သာ....." ဟူ၍ တွေ့ရှိရပါသည်။

မြင်းခင်းသဘင်အပြင် ဆင်ခင်းသဘင်ကိုပါ ကျင်းပပြန်ပါသည်။ ဆင်ခင်းသဘင်ဆိုသည်မှာ ဆင်တိုက်ပွဲပင်ဖြစ်လေ၏။ တိုက်ဆင်အချင်းချင်း အစွမ်းကုန် အားကုန် တိုးခွေ့တိုက်ခိုက် နင်းချေကြသော အင်အားချင်းပြိုင်၊ ဆင်ချင်းသတ်ပွဲ၊ တိုက္ခိုက္ပြဲကို ဆင်ခင်းသဘင်ဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။ စစ်ပရိယာယ် အသွယ်သွယ်ဖြင့် တိုက်ခိုက်ထိုးခုတ်ပုံများနှင့်တကွ ဆင်စီး မြင်းစီး သိပ်သည်းကျစ်လျစ်လျက် စစ်ကြီးအင်္ဂါပြည့်စုံစွာ ကြည့်ရှုရခြင်းဖြင့် မြန်မာတို့အနေနှင့် စစ်သွေးစစ်မာန်များ၊ မျိုးချစ်စိတ်များ၊ တက်ကြွနိုးကြားလာရသည်ကား အဆိုပါ မြင်းခင်းသဘင်၊ ဆင်ခင်းသဘင်ကြောင့်ဆိုလျှင် မှားမည်မဟုတ်ပေ။ မြင်းခင်းသဘင်အကြောင်းနှင့် စပ်လျဉ်း၍ ဆီသည်ရွာစား ဦးအောင်ကြီးကာ အဝမြို့ဘွဲ့ ၁၂ ရာသီ လူးတား၌ မှတ်တမ်းတင်ခဲ့ပါသည်။

ပြာသိုလကား ၁၂ရာသီ မိုးလင်္ကာမှတ်စုအတိုင်း " ပြာသိုချမ်းပြင်း၊ ဆီးနှင်းရောယှက်၊ နှမ်းပုံပျက်" နှင့် ညီပါပေ၏။ ဗုဒ္ဓဘုရားရှင်သည်ပင်လျှင် ပြာသိုလ၌ အချမ်းဒဏ်မှ သက်သာစေရန်အတွက် မီးလှုံခဲ့ရပေသည်။ ရရှိလာသော ပြာများအား အကြောင်းမဲ့ ပြုန်းတီးမှုမရှိစေရန် သိုလှောင်စေ၏။ ပြာသည် အညစ်အကြေးများကို သန့်စင်နိုင်စွမ်းရှိ၏။ မြေဆီသြဇာကို ဖြစ်ထွန်းစေ၏။ သည့်အတွက် ပြာများကိုသိုလှောင်စေခြင်းမှ "ပြာသို" ဟူသော ဝေါဟာရ ဖြစ်ပေါ်လာရလေ၏။ ခွာညိုတို့သည် တလှိုင်လှိုင်ပွင့်သော၊ ငွေနှင်းတို့ ကြွေဆင်းသော ပြာသိုလရာသီနှင့် စပ်လျဉ်း၍ ကုန်းဘောင်ခေတ်စာဆို မဟာအတုလမင်းကြီးက အောက်ပါအတိုင်း လွမ်းချင်းဖြင့် သရုပ်ဖော်ခဲ့ရာ လွမ်းဆွတ်ကြည်နူးဖွယ် ကောင်းလှပါဘိ။

" တိမ်ခြေငယ်ရှင်းပါလို့
မြူနှင်းငယ်စိုစို၊ လျပာသိုမွာ
နွယ်ခွာညို မြိုင်မြိုင်နှင့်
လှိုင်လှိုင်သင်းတဲ့ လကိုလေး။

ရောင်သိင်္ဂ ီငယ်၊ ကြည်ညီဖုသျှ
မကာရမို့၊ ရွှေဝဥကင်
နန်းရင်ပြင်မှာ၊ လှံရင်မြင်းခင်း
သဘင်ကျင်းလို့၊ ရာမင်းထွက်စံ
ဗိုလ္ညီလာ ခံသော့ခါ
ဆန္ဒတ်ပိုင့် ပြောင်မွန်မှာ
အောင်တံခွန် တေဇာမြူးလို့
ထူးလှတယ်လေး။ "

စာဖတ္သူ အားလုံးပဲ ကျန်းမာ ပျော်ရွှင်ကြပါစေလို့။ :)