မွန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် ခရစ်နှစ်၂၀၁၂ခုနှစ် ယခုနှစ် သြဂုတ်လ ၂-ရက်နေ့တွင် ဝါဆိုလပြည့် ပါတော့မည်။ မြန်မာပြက္ခဒိန်အရ လေးနှစ်တိုင်း ဝါတစ်ခါ ထပ်သဖြင့် ပထမဝါဆို၊ ဒုတိယဝါဆိုဟု ခွဲခြားထားရသည်။ သို့တိုင် ဝါထပ်နှစ်တိုင်း ဒုတိဝါဆိုကိုသာ ဝါဆိုလပြည့်နေ့ဟု သတ်မှတ်ကြသဖြင့် (ပထမ ဒုတိယ ခြဲမေနဘဲ) ဝါဆိုလပြည့်ဟုသာ ရိုးရိုး ပင်သတ်မှတ်ကြသည်။
ဝါဆိုလသည် အရပ်ရှစ်မျက်နှာတိုင်း မိုးသားတို့ဖြင့် အုပ်ဆိုင်းသော အချိန်သမယ ဖြစ်သည်။ အာသဠှီနက္ခတ်နှင့် ယှဉ်သော ဂြိုလ်ခွင်ကာလ ဖြစ်သည်။ ဝဿန္တ မိုးလေးလတို့၏ ဥတုအစ ဖြစ်သည်။ ကောင်းကင်တစ်ခုလုံး မိုးချုန်းသံတို့ဖြင့် တဂျိန်းဂျိန်း မြည်သံပေးသော အခါသမယ ဖြစ်သည်။ ရဟန်းခံ ရှင်ပြုသော ကာလ ဖြစ်သည်။ အဖြူရောင် ပုန်းညက်ပန်းတို့ ပွင့်လန်းရာ ရာသီဦး ဖြစ်သည်။
မြန်မာဆယ့်နှစ်လ ရာသီပွဲတော်တွင် ဝါဆိုလ၏ အဓိပ္ပါယ်မှာ ရဟန်းသံဃာတော်တို့ မိမိ၏ ကျောင်းအရာမ်အတွင်း၌ ဝါတွင်းသုံးလပတ်လုံး အရပ်တစ်ပါးသို့ မရွှေ့မပြောင်းဘဲ နေထိုင် သီတင်းသုံးခြင်းကို ရည်စူး၍ ဝါဆိုလ ခေါ်သည် ဟု ဖွင့်ဆိုသည်။ ဝါဆိုလတွင် ရှင်၊ ရဟန်း ပဉ္စင်းခံသည့်လဟုလည်း သတ်မှတ်ကြသည်။ အကြောင်းကား ဝါတွင်းသုံးလအတွင်း ညအိပ် ခရီးသွားလာခွင့် မရှိသဖြင့် ရဟန်းသံဃာတော်များ အစုံအလင်ရှိကြသည်။ ထိုကြောင့် ရှင်၊ ရဟန်း ခံရန်၊ ပြုရန် အသင့်တော်ဆုံးလဟု ဆိုသင့်ပေသည်။
ထို့အပြင် ဗုဒ္ဓရှင်တော်ဘုရား မယ်တော်မဟာမာယာဒေဝီ ဝမ်းကြာတိုက်သို့ ပဋိသနေ္ဓ ယူတော်မူသည့်နေ့၊ နိမိတ်ကြီးလေးပါးကို မြင်တော်မူ၍ တောထွက်တော်မူသည့်နေ့၊ ဘုရားအဖြစ်သို့ ရောက်ရှိကာ တရားဦး ဓမ္မစကြာ ဟောကြားတော်မူသောနေ့တို့သည် ဝါဆိုလပြည့်နေ့တွင် ဖြစ်ကြပါသည်။ ဗုဒ္ဓရှင်ဘုရား ပဋိသနေ္ဓ တည်တော်မူခြင်း၊ ထွက်တော်မူ နန်းက ခွါခြင်း၊ တရားဦးဓမ္မစကြာ ဟောကြားခြင်းတို့သည် တိုက်ဆိုင်စွာ ဝါဆိုလပြည့်နေ့ချည်း ဖြစ်နေခဲ့သည်။
ထို့ကြောင့် သနေ္ဓ၊ တောထွက်၊ ဓမ္မစက်၊ ဟောမြွက်သံချို လဝါဆို ဟူ၍ စပ်ဆိုထားကြသည်
(၁) ပဋိသနေ္ဓတည်သည့်နေ ့-မဟာသက္ကရာဇ်-၆၇၊ ဝါဆိုလပြည့် (ကြာသပတေးနေ ့)
(၂) တောထွက်သည့်နေ ့- မဟာသက္ကရာဇ်-၉၇၊ ဝါဆိုလပြည့် (တနင်္လာနေ ့)
(၃) ဓမ္မစင်္ကြာတရားဦးဟောနေ ့- မဟာသက္ကရာဇ်-၁၀၃၊ ဝါဆိုလပြည့် (စေနေန ့)
(၄) မယ်တော်မိနတ်သားအား တရားဟောကြားရန် တာဝတိ ံသာနတ်ပြည်သို့ ကြွတော်မူခြင်း။
ထိုကြောင့်လည်း ဗုဒ္ဓဘာသာ တိုင်းပြည်မှန်သမျှ ဝါဆိုလပြည့်ကို နေ့ထူးနေ့မြတ် တစ်ရက်အဖြစ် သတ်မှတ်ထားကြခြင်း ဖြစ်နိုင်ပေသည်။
ဘုရားလောင်းတော်သည် တစ်ကိုယ်တည်း ကျင့်တော်မူခဲ့၏။ ၁၀၃ ခု၊ ကဆုန်လပြည့်၊ သောကြာနေ့တွင်သဗ္ဗညုတဉာဏ်တော်ကိုရရှိကာဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။
ထိုအခါ၊သဟမ္ပတိဗြဟ္မာမင်း၏ လျှောက်ထားတောင်းပန်ချက်အရအဘယ်သူ့ကိုတရားဦး
ဟောကြားအ့ံနည်းဟု ဆင်ခြင်တော်မူ၏။ ဗုဒ္ဓမြတ်စွာ၏ အာသယာနုသယဉာဏ်၊ ဣန္ဒြိယ ပရောပရိယဉာဏ်တော်တို့ ဖြင့်ဆင်ခြင်ခြင်းဖြစ်သည်။ ပထမ ဦးစွာဈာန်လမ်းပြခဲ့ ဖူးသော
အာဠာရ ရသေ့ဆရာကိုမြင်၏။ ထိုရေသ့ကား ကွယ်လွန်ခဲ့ပြီဖြစ်သည်။ ထိုမှတစ် ဆင့် ဥဒက ရေသ့ဆရာကို မြင်တော်မူလေသည်။ ဥဒက ရသေ့လည်း ကွယ်လွန်ခဲ့ပြီ ဖြစ်၏။
ထို့နောက်၊ အခြားသော ကျေးဇူးရှိခဲ့ဖူးသူများအား တရားဦး ဟောကြားရန် ကြည့်တော်မူပြန်သည်။ ထိုအခါ ပဉ္စဝဂ္ဂီငါးဦးတို့ကို မြင်တော်မူလေသည်။ သို့သော်လည်း ထိုရေသ့မ်ားထံ ချက်ချင်း မကြွပေ။ သုံးရက်သီတင်းသုံး စောင့်ဆိုင်းတော်မူ၏။ ထို့နောက်မှ ဗာရာဏသီအနီးရှိမိဂဒါဝုန်တော သို့ ကြွချီ ခရီးဆက် တော်မူလေသည်။
အစားနည်းသောအကျင့်မှ များသောအကျင့်သို့ ပြောင်းခဲ့သောကြောင့် ဘုရားမဖြစ်နိုင် တော့ဟု ပဉ္စဝဂ္ဂီတို့ ယူဆခဲ့ကြ၏။ ထို့ကြောင့် ဘုရားလောင်းအားစွန့်ခွါပြီးဗာရာဏသီ၊ မိဂဒါဝုန်တော သို့ ရောက်ခဲ့ကြလေသည်။
မြတ်စွာဘုရားကြွလာသည်ကို ပဉ္စဝဂ္ဂီတို့ မြင်ကြ၏။ ခရီးဦးမကြို၊ဝတ်မပြုလိုကြတော့ပေ။
သို့ရာတွင် အရှင်မြတ်သည် ဖန်ရည်ဆိုးသင်္ကန်း ဝတ်ရုံလျက်ပင် ဝင်လာတော်မူ၏။ ကိလေသာ ကင်းစင်သဖြင့် အေးချမ်းတင့်တယ် ကြည်ညိုဖွယ်ရှိ၏။ သို့ဖြစ်ရာပဉ္စဝဂ္ဂီတို့ သည် ခရီးဦးကြိုကြ
ရ၏။ ရှိခိုးပူဇော်ကြရ၏။ နှုတ်ခွန်းဆက်ကြရ၏။
အချိန်ကား နေမင်းကြီးဝင်လုဝင်ဆဲအချိန်၊ လမင်းကြီးမှာ ပြူလစ်စ အခါသမယ ဖြစ်၏။
ဆည်းဆာ ညချမ်း ဖြစ်သည်။ သူတော်မြတ်ဓာတ်ကြောင့် သာယာဖွယ်ကောင်းလှပေ၏။
မိဂဒါဝုန်တောကား ရွှင်ပျအေးမြနေ၏။ ဆိတ်ငြိမ်မှုဖြင့် ပြီးလျက်ရှိ၏။ ထိုအခိုက်တွင် မြတ်စွာ ဘုရားရှင်သည် ပဉ္စဝဂီ္ဂတို့၏ ရှေ့တွင်ထက်ဝယ်ဖွဲ့ခွေနေတော်မူသည်။ ထို့နောက်၊ "ရဟန်းတို့" ဟု ခေါ်ဝေါ်ကာ နှုတ်ခွန်းဆက်တော်မူလိုက်၏။ ဤကား တရားဦးဟောရန်ဖိတ် ခေါ်သံအစ
တည်း။
ပဉ္စဝဂ္ဂီတို့သည်သီလစင်ကြယ်ပြီးသူများ ဖြစ်ကြသည်။ ထို့ ပြင်၊ သဒ်ဓါ၊ ဆန္ဒ၊ ဝီရိယစိတ္ထား
ပွည့ျစုံေ နပြီးသူများ ဖြစ်ကြလေရာ မြတ်စွဘုရား၏ စကားအစသည် သူတို့၏ နှလုံးသားဝယ်
တရား တည်၍တည်၍ လာလေသည်။
ထိုအချိန်တွင် မြတ်စွာဘုရားက မိမိဘုရား ဖြစ်တော်မူကြောင်း မိန့်ကြား၏။ တရားနာယူကြရန် လည်း တစ်ဆက်တည်း တိုက်တွန်း၏။ သို့သော်မယုံကြည်နိုင်ကြသဖြင့်သုံးကြိမ်သုံးခါ ငြင်းဆန် ကာ နေကြ၏။ မြတ်စွာဘုရားသည် ထိုငြင်းဆန်မှုကို ဘုရားဖြစ် ကြောင်းထပ်မံသိစေပြန်၏။
ပြီးမှ "တရားဦး" ခေါ်ဓမ္မစက္က ပဝတ္တန သုတ္တ ကိုဟောကြား တော်မူလေသည်။ ထိုတရားတော်၏ အဆုံးဝယ် အရှငျကောဏ်ဏ္႑ညသညျ လူသားမ်ား အနက် ပထမဦးဆုံး သောတာပတ္တိဖိုလ်၌ တည်လေ၏။ ထိုနေ့သည် ဝါဆိုလပြည့်နေ့ ဖြစ်၏။
ထို့နောက်တဖန်၊ ဒေသနာကိုဟောပြတော်မူရာ ဝါဆိုလပြည့်ကျော် (၁) ရက်နေ့၌ အရှင်ဝပ္ပ၊ (၂) ရက်နေ့၌ အရှင်ဘဒိ္ဒယ၊ (၃) ရက်နေ့၌ အရှင်မဟာနာမ်၊ (၄) ရက်နေ့၌ အရှင်အဿဇိ တို့သည် အသီးသီးသောတာပန် တည်ကြလေကုန်၏။ ပဉ္စဝဂ္ဂီအားလုံးပင် "ဧဟိဘိက္ခု" ရဟန်း အဖြစ်ရောက်ကြလေသည်။
ဝါဆိုလပြည့်ကျော် (၅)ရက်နေ့တွင် မြတ်စွာဘုရားသည် "အနတ္တလက္ခဏသုတ္တ" ကို ဟောကြား တော်မူခဲ့သည်။ ဤတွင် ငါးဦးလုံး ရဟန္တာ ဖြစ်တော်မူကြလေသည်။ ထိုနေ့ကို လည်း"ရဟန္တာနေ့" ဟု ဗုဒ္ဓဘာသာဝင်တို့ သတ်မှတ်ယူကြကုန်သည်။ ဝါဆိုလပြည့်နေ့ ကိုမူတရားဦးဓမ္မစြက်ာ ဟော ကြားသောနေ့ ဖြစ်၍ "ဓမ္မစကြာနေ့့" ဟု ယနေ့အထိ ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေ သည်။ ။
--------------------------
ရဟန်းတော်များဝါဆိုခြင်း
=============
ဟိုးရှေးရှေးတုန်းက... မြတ်စွာဘုရားလက်ထက်မှာ ရဟန်းသင်္ဃာအများစုသည် မိုးတွင်းကာလမှာ စိုက်ပျိုးထားသည့် စပါးခင်းများထဲကို ဖြတ်သန်းလေ့ရှိတာကြောင့် စပါးခင်းတွေ ပျက်ဆီးခဲ့ရပါတယ်။
အဲဒီအကြောင်းကို ရွာသူရွာသားများက မြတ်စွာဘုရားကို တိုင်ကြားကြပါတယ်။ မြတ်စွာဘုရားသည် စပါးပင်တဲ့စိုက်တဲ့အချိန်ကနေ စ၍ စပါးပင်တွေ မှည့်တဲ့ အချိန်ထိတိုင်အောင်.. ရဟန်းသင်္ဃာများကို မိမိသီတင်းသုံးနေသောကျောင်းမှ ဘယ်နေရာကိုမှ ညအိပ်ညနေသွားခွင့်မရှိပဲနဲ ့မိမိကျောင်းမှာပဲ သီတင်းသုံးကာ တရားအားထုတ္ဖို ့ အချိန်သုံးလသတ်မှတ်ခဲ့ပါတယ်။ အဲဒါကို ဝါတွင်းသုံးလလို ့ ခေါ်ပါတယ်။ အဲဒါကြောင့်မို ့ဒီဝါတွင်း သုံးလအတွင်းမှာ ရဟန်းသင်္ဃာများဟာ ဘယျမှေ၀းေ၀းလံလံ မသြားပဲနဲ ့ ကိုယ့်ကျောင်းမှာပဲ တရားဒေသနာများကို သင်ချအားထုတ် လေ့လာ ဆည်းပူးနိုင်ပါတယ်တဲ့..
0 Comments