# ဝါခေါင်လပြည့်-မေတ္တာအခါတော်နေ့ #

ဗုဒ္ဓဒေသနာသွားအရ ဝါခေါင်လပြည့်နေ့ကို 
မေတ္တာအခါတော်နေ့ဟု ရှေးဆရာများ 
သတ်မှတ်ခဲ့ကြသည် ။

ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က ရဟန်းငါးရာသည် 
သာဝတၳိမြို့တော်နှင့် ယုဇနာတစ်ရာဝေးကွာသော 
တောအုပ်တစ်ခု၌ ဝါကပ္ကာ ရဟန်းတရား
အားထုတ်ကြ၏ ။ ထိုတောအုပ်၌နေသော ရုက္ခစိုးနတ်
တို့သည် ရဟန်းတော်တို့၏ သီလတန်ခိုးကြောင့် 
သစ်ပင်ထက်၌ မနေနိုင်ဘဲ ကလေးတွေလက်ဆွဲကာ 
မြေအောက်သို့ ဆင်းကြရ၏ ။

ရုက္ခစိုးနတ်တွေလည်း ကြာလာတော့ 
သည်းမခံနိုင်တော့သဖြင့် ရဟန်းများ ထွက်သွားအောင် 
ခြောက်လှန့်ထုတ်ကြသောကြောင့် ရဟန်းတော်များ 
ဆယ့်ငါးရက်ခန့်နေကာ ဘုရားရှင်ထံ ပြန်ကြရ၏ ။ 
ဘုရားရှင်ကို အကျိုးအကြောင်း လျှောက်ထားကြသည်။
ထိုအခါ ဘုရားရှင်က
ချစ်သားတို့က လက်နက်မှ ယူမသွားကြပဲကိုး 
ငါလက်နက်တပ်ဆင်ပေးလိုက်မယ် ဒီလက်နက်ဟာ 
ချစ်သားတို့အတွက် ပရိတ်(အရံအတား) လည်း
ဖြစ်လိမ့်မယ်။ကမ္မဋ္ဌာန်းလည်း ဖြစ်လိမ့်မယ်။
ဟု မိန့်ကာ မေတ္တာပွားနည်းမေတ္တသုတ်ကို 
သင်ပြဟောကြားပေးလိုက်၏။

ထိုမေတ္တာသုတ် ဟောကြားပေးသောနေ့သည် 
ဝါခေါင်လပြည့်နေ့ဖြစ်၍ ဝါခေါင်လပြည့်နေ့ကို  မေတ္တာအခါတော်နေ ့ဟု သတ်မှတ်ထားကြ၏။ 
ရဟန်းတော်ငါးရာလည်း ထိုတောအုပ်သို့ 
ပြန်သွားကာ မေတ္တသုတ်ကို ရွတ်ဖတ်ပွားများ၍ အားလုံးအဆင်ပြေသွားကြသည်။
နောက်ဆုံးတော့ ရဟန္တာ ဖြစ်သွားကြ၏။

မေတ္တာဟူသည် သူတစ်ပါးတို့၏ ကောင်းကျိုးစီးပွားကို 
လိုလားသော သေဘာရွိ၏၊ သူတစ်ပါးတို့၏ ကောင်းကျိုး
စီးပြားကို လိုလိုလားလား ဆောင်ရွက်ပေး၏။
အငြှိုးအာဃာတကို ပယ်ဖျောက်တတ်၏။
သူတစ်ပါးတို့ ပြည့်စုံချမ်းသာမှုကို ဦးတည်၏။
မေတ္တာသဘောကို အဘိဓမ္မာက ဤသို့ဆို၏။
သူတစ်ပါးကောင်းကျိုးကို လိုလားတာ မေတ္တာ။
သူတစ်ပါးကောင်းကျိုးရှိအောင် ဆောင်ရွက်ပေးတာ 
မေတ္တာဖြစ်သည်။

မေတ္တာဟူသည် အစိုဓာတ်၊ အစေးဓာတ်၊ 
အအေးဓာတ်ရှိ၏။
ထိုအစိုဓာတ်၊ အအေးဓာတ်ဖြင့် 
တစ်ပါးသူအပေါ် မြှေးယှက်လွှမ်းခြုံထားမှုကို မေတ္တာ
ခေါ်၏ ။
မေတ္တာသည် စူပါဂလူးနှင့်တူသည်ဟု 
ပဏ္႑ိတာရာမဆရာတော်ဘုရားက မိန့်ဖူးသည်။
မေတ္တာအစေးဓာတ်သည် စူပါဂလူးကဲ့သို့ သိပ်ပြီး
ကပ်အားကောင်း၏။

ဘယ်သူနှင့် ဘယ်သူတော့ အစေးမကူးကြဘူး၊
အစေးမကပ်ကြဘူးဟု ပြောသံကြားဖူးလိမ့်မည်။
အစေးမကူးခြင်း၊ အစေးမကပ်ခြင်းဟူသည် 
မေတ္တာပျက်ပြယ်နေခြင်း ကြောင့်ဖြစ်၏။ 
တစ်ဦးနှင့်တစ်ဦး မေတ္တာမထားနိုင်တာကို 
အစေးမကူးခြင်း၊ အစေးမကပ်ခြင်းဟု ခေါ်၏။

မိသားစုတွေ စည်းလုံးမှု ရှိရမည်။
ညီအကိုမောင်နှမတွေ စည်းလုံးမှု ရှိရမည်။
ရပ်ရွာ မြို့နယ်၊ တိုင်းပြည်၊ နိုင်ငံ၊ အားလုံး အားလုံး 
စည်းလုံးမှု ရှိရမည်။စည်းလုံးဖို့၊ စည်းစည်းလုံးလုံးရှိဖို့ 
မေတ္တာအစိုဓာတ် မေတ္တာအစေးဓာတ်လိုသည်။ 
မုန့်လုံးရေပေါ်များ လုံးသောအခါ ဆန်မှုန့်ကို 
အစိုဓာတ်ရှိသော ရေနှင့် ဆွတ်ဖြန်းပြီးမှ လုံး၍
ရသည်။ အစိုဓာတ် အစေးဓာတ်မရလျှင် ဘယ္လိုမွ 
လုံး၍ မရနိုင်ပါ။ ထို့အတူ အချင်းချင်းစည်းလုံးဖို့၊ 
ညီညွတ်ဖို့ အသီးသီးမွာ မေတ္တာအစိုဓာတ် 
မေတ္တာအစေးဓာတ် ရှိနရမည်။ ပါးစပ်နှင့် စည်းလုံး၍မရ။
မေတ္တာနှင့် စည်းလုံးမှသာ ရမည်။

စည်းလုံးခြင်းသည် အင်အားဆိုသည့်အတိုင်း 
စည်းစည်းလုံးလုံး ရွိမွသာ အင်အားဖြစ်မည်။ 
ထိုအင်အားသည်သာ အားကိုးရာ အစစ်ဖြစ်သည်။
အားကိုးဟူသည် အားရွိမွသာ ကိုး၍ရသည်။ 
အားမရှိလျှင် ကိုး၍မရ။ တကယ်ကိုးထိုက်၊ 
ကိုးစားထိုက်သော အားသည် မိမိ၏ ကိုယ်ပိုင်အားသာ 
ဖြစ်သည်။ အပြင်အပမှ အားမဟုတ်။ 
ဤအဓိပ္ပါယ်ကို ဘုရားက အတ္တာဟိ အတ္တနော နာထော
ဟု မိန့်သည်။ မိမိကိုယ္သာ အားကိုးရမည်။
မိမိမလိုတာတွေ ကွယ်ပျောက်သွားအောင် 
ဖယ်ရှားနိုင်တာက မိမိအားသာ ဖြစ်သည်။ 
မိမိအားကို ကိုးမွသာ မိမိမလိုလားတာတွေ 
ကွယ်သွားနိုင်သည်။ ထို့ကြောင့် မိမိသည်သာ 
မိမိ၏ကိုးကွယ်ရာ ဖြစ်သည်။ 

အားဖြစ်ဖို့၊ အားရှိဖို့ စည်းလုံးရမည်။စည်းလုံးဖို့ 
အစေးကူးရမည်။ အစေးကူးဖို့ အချင်းချင်း
မေတ္တာထားကြရမည်။ 

ရှေးအခါက ပိုက်ကွန်မိသော ခိုငှက်တို့သည် 
အားလုံးပြိုင်တူ တပြိုင်နက်ထပျံကြ၍ ပိုက်ကွန်မှလွတ်ကာ 
လိုရာခရီးသို့ ရောက်ရှိသွားကြသည်။
စည်းလုံးမှုအင်အား၏ ပြယုဂ်သက်သေဖြစ်သည်။

ဘုရားရှင်က မေတ္တသုတ်နိဒါန်းမှာ မေတ္တာဘာဝနာ
ပွားများသူသည် လိုက်နာပြုကျင့်ထိုက်သောတရား 
(ဆယ့်လေးပါး) ရှိသည်ဟု မိန့်သည်။
မေတ္တာစွမ်းအား  ရှိရမည်။

ကာယကံစိတ် ဖြောင့်မတ်ရမည်။
မှန်တာလုပ်၊ ဟုတ်တာပြောရမည်။
စိတ္သေဘာထား အထူးဖြောင့်မတ်ရမည်။
ပညာရှိသူတော်ကောင်းစကား နားထောင်ရမည်။
လိုက်နာရမည်။
နူးညံ့ရမည်။
မာန္မာန ကင်းရမည်။
ရောင့်ရဲနိုင်ရမည်။
လြယ္ကူစြာ အသက်မွေးရမည်။
အပိုကိစ္စ နည်းပါးရမည်။
ပေါ့ပါးစွာ အသက်မွေးရမည်။
ငြိမ်သက်သော  ဣနြေ္ဒ ရှိရမည်။
ရင့်ကျက်မှု ရှိရမည်။
ကိုယ်နှုတ်နှလုံး ကြမ်းတမ်းမှု ကင်းရမည်။ 
ငါ့ဆွေမျိုး ငါ့မိသားစုဟူသော အစွဲကင်းရမည်။
ချုပ်လိုက်လျှင် ပညာရွိမ်ား ကဲ့ရဲ့နိုင်ပါက 
မကောင်းမှု သေးသေးဖွဲဖွဲကိုပင် ရှောင်ကြဉ်ရမည်။

ဘုရားရှင်က ထိုသို့ မေတ္တာသမားထားရှိရမည့် 
သေဘာထားမ်ားကို မိန့်ကြားပြီးနောက် မေတ္တာပွားနည်း
မ်ားကို ဆက်လက်မိန့်ကြားတော်မူသည်။

ကြောက်တတ်၊ မကြောက်တတ် နှစ်ရပ်များစွာ
သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
မြင်ဖူးမမြင်ဖူး နှစ်ဦးများစွာ သတ္တဝါ 
ချမ်းသာ ကိုယ်စိတ်မြဲပါစေ။
ဝေးနေ နီးနေ နှစ်ထွေများစွာ သတ္တဝါ 
ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဘဝဇာတ်ဆုံး၊ မဆုံးများစွာ သတ္တဝါ 
ချမ်းသာကိုယ်စိတ်မြဲပါစေ။
ကြီးငယ်အလတ် သုံးရပ်ခန္ဓာ သတ္တဝါ 
ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဆူကြုံအလတ် သုံးရပ်ခန္ဓာ သတ္တဝါ 
ချမ်းသာကိုယ်စိတ်မြဲပါစေ။
ထိုသို့ နှစ်စုသုံးစု ခြဲ၍ မေတ္တာပို့ရမည်။

တစ္ဖက္သားကို ချမ်းသာစေချင်တာ မေတ္တာဖြစ်သကဲ့သို့ 
တစ္ဖက္သားကို ဒုက္ခ မရောက်စေချင်တာလည်း 
မေတ္တာပင် ဖြစ်၏။ ထို့ကြောင့် ဘုရားရှင်က 
လူအချင်းချင်း လှည့်စားခြင်း၊ ကင်းရှင်းကြပါစေ။
လူအချင်းချင်း အထင်သေးခြင်း ကင်းရှင်းကြပါစေ။
လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ
ဟု မေတ္တာပို့ရန် ဆက်လက် မိန့်ကြားတော်မူသည်။

လိမ်ညာခြင်း၊ လှည့်စားခြင်း၊ ကောက်ကျစ်
စဉ်းလဲခြင်းသည် သစ္စာတရားကို ဆန့်ကျင်ခြင်းဖြစ်၏။ 
သစ္စာတရားကို ဆန့်ကျင်ခြင်းသည် ဆင်းရဲကြောင်းဖြစ်၏။ 
လူသားထုကို ချမ်းသာစေချင်လျှင် ထိုအပြုအမူတွေ 
ကင်းရှင်းမှဖြစ်မည်။ လူသားအချင်းချင်း ညှဉ်းပန်း
နှိပ်စက်ခြင်း၏ ဆင်းရဲပုံကတော့ ရှင်းပါ၏။ 
လူတွေ စားဝတ်နေရေး ကျပ်တည်း၍ ဆင်းရဲ
နေကြရခြင်းသည် လူလိမ်၊လူညာတွေကြောင့်ဖြစ်၏။
မာန်ထောင်သူတွေ၊ လူကိုမထီမဲ့မြင်ဆက်ဆံသူတွေ၊ 
လူကိုလူလို မမြင်သူတွေ၊ ညှဉ်းပန်းသူတွေကြောင့် ဖြစ်၏။ 
ထို့ကြောင့် ဘုရားရှင်က လူသားအချင်းချင်း 
လိမ်ညာခြင်း လှည့်စားခြင်းကင်းဖို့၊ မထီမဲ့မြင်ပြုမှု 
အထင်သေးမှုတွေ ကင်းဖို့၊ သီးသန့် မေတ္တာပို့ရန် 
အထူးမိန့်ကြားခဲ့လေသည်။

မေတ္တာသည်သာ အောင်နိုင်ရာ၏ ။
ဘုရားရှင်ကိုယ်တော်မြတ်သည် သူ့ကိုဆန့်ကျင်သော 
မာရ်နတ်၊ အာဠဝကဘီးလူး၊ နာဠာဂီရိဆင်၊ 
အဂုၤလိမာလ၊ စိဉ္ဇမာဏ၊ သစ္စကပရဗိုဇ်၊ နနေ္ဒာပနန္ဒနဂါး၊ 
ဗကဗြဟ္မာတို့ကို အနိုင်ယူအောင်မြင်တော်မူခဲ့၏။ 
အောင်ခြင်းရှစ်ပါးဟု ခေါ်၏။ 
ထိုအောင်ခြင်းရှစ်ပါးကို အနိုင်ယူရာ၊ အောင်မြင်ရာတွင် 
အကြမ်းမဖက် မေတ္တာသက်သက်ဖြင့် အောင်မြင်တော်
မူခဲ့ခြင်း ဖြစ်၏ ။
 ထို့ကြောင့် မိမိတို့ ရည်မှန်းချက်တစ်ခုခု 
အောင်မြင်ချင်လျှင် မေတ္တာသာထားပါ။ 
မေတ္တာသာ ပြားပါ။ မေတ္တာနှင့်သာ ဆောင်ရွက်ပါ။
ထိုသို့ မေတ္တာနှင့် ပြောဆိုလုပ်ကိုင်ဆောင်ရွက်မှသာ 
တကယ်စစ်မှန်သော အောင်မြင်မှုကို ရရှိနိုင်မည်ဖြစ်သည်  ။


နိုင်ငံတော် ဘာသာနေ့(ဝါခေါင်လပြည့်)


ဗုဒ္ဓဘာသာ မြန်မာ နိုင် ငံ တော် 
ဘာသာ ဖြစ်လာပုံ သမိုင်းအကျဉ်း
======================================

နိုင်ငံတော် ဘာသာ ပြဋ္ဌာန်းခဲ့သည့် နေ့ရက်
--------------------------------------------------------------------
၁၃၂၃-ခုနှစ် ဝါခေါင်လပြည့်
(1961-ခုနှစ် ဩဂုတ္လ 26 ရက် ) စနေနေ့

နိုင်ငံတော် ဘာသာ ပြဋ္ဌာန်းသည့် ဥပေဒ
-------------------------------------------------------------------------
နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းသည့် ဥပေဒ 
၁၉၆၁-ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ 
အျခခံဥပေဒ (တတိယပြင်ဆင်ချက်) 
အက်ဥပဒေ ပုဒ္မ ၂၁၊ 
ပုဒ္မခြဲ ၁ အစား ထည့်သွင်းရမည့် စာသား 
ပုဒ္မခြဲ (၁) ဗုဒ္ဓဘာသာ သာသနာတော်သည်
နိုင်ငံတော်၏ နိုင်ငံသားအများဆုံး
ကိုးကွယ်ရာဘာသာကြီး ဖြစ်သည် အားလျော်စွာ နိုင်ငံတော်ဘာသာ သာသနာဖြစ်စေရမည်။

၂၀၀၈ ခုနှစ် ဖြဲ ့စည်းပုံ 
အခြေခံဥပဒေတွင် ပါ၀င်သည့် စာသား
-------------------------------------------------------
ပုဒ္မ ၃၆၁ - နိုင်ငံတော်သည် ဗုဒ္ဓဘာသာ သာသနာတော်ကိုနိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သော
ဂုဏ်ထူး၀ိသေသနှင့် ပြည့်စုံသည့် 
ဘာသာ သာသနာဖြစ်သည်ဟု 
နိုင်ငံတော်က အသိအမှတ်ပြုသည်။

နိုင်ငံတော်ဘာသာ အက်ဥပဒေကို အတည်ပြုပြဌာန်းခြင်း
---------------------------------------------------------
၁၉၆၁ ခုနှစ်၊ သြဂုတ်လ ၂၆ ရက် ၁၃၂၃ ခု ဝါခေါင်လပြည့်နေ့တွင် လွှတ်တော်နှစ်ရပ် တြဲဖက္ညီလာခံ အစည်းအေ၀းက
ထောက်ခံမဲ ၃၂၄ မဲ၊ ကန့်ကွက်မဲ ၂၈ မဲဖြင့် ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံ၏ နိုင်ငံတော်ဘာသာအဖြစ် အတည်ပြုပြဋ္ဌာန်းခဲ့သည်။
ထိုနေ့ နေ့လည် ၁ နာရီတိတိတွင် နိုင်ငံတော်သမ္မတ အိမ်တော်တွင် သမ္မတ ဦး၀င်းမောင်က အခမ်းအနားဖြင့် လက်မှတ်ရေးထိုး အတည်ပြု ပြဋ္ဌာန်းခဲ့သည်။
(၁၉၅၁ ခုနှစ်တွင် ပါလီမန်အမတ် 
ဒေါ်ခင်လှ တင်သွင်းခဲ့သော နိုင်ငံတော်ဘာသာပြဋ္ဌာန်းရေးသည်
၁၀ နှစ်အကြာ ၁၉၆၁-ခုနှစ်တွင် အကောင်အထည်ပေါ်လာခဲ့ပါသည်။)

ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းနိုင်ရန် ခေတ်အဆက်ဆက် ကြိုးပမ်းခဲ့ကြသူများ သမိုင်းမှတ်တမ်း
--------------------------------------------

၁။ လွတ်လပ်ရေးအကြိုကာလ အင်္ဂလိပ်အစိုးရလက်ထက်ကပင် ရဟန်း ရှင် လူ ပြည်သူအပေါင်းတို့သည် ဗုဒ္ဓဘာသာကို
နိုင်ငံတော်ဘာသာအဖြစ်ပြဋ္ဌာန်းနိုင်ရေးအတွက် ဆန္ဒပြု နှိုးဆော်ခဲ့ကြသည်။

၂။ ၁၉၄၇ ခုနှစ်၊ မေလ ဂျူဗလီဟော ဖ-ဆ-ပ-လ ပဏာမညီလာခံတွင် အာဇာနည် 
ခေါင်းဆောင်ကြီး ဒီးဒုတ် ဦးဘချိုက
လွတ်လပ်ရေးရသည့်အခါ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းသင့်ကြောင်း အဆိုတင်သွင်းခဲ့သည်။
သို့သော်လည်း လွတ်လပ်ရေးက 
အရေးကြီးနေ၍ မပြဋ္ဌာန်းနို်င်ခဲ့ပေ။

၃။ ၁၉၅၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်တွင် ပြည်သူ့လွှတ်တော်တွင် ပါလီမန်အမတ် 
ဒေါ်ခင်လှ (စမ်းချောင်း)က ပြည်ထောင်စု
မြန်မာနိုင်ငံတော်ကို ဗုဒ္ဓဘာသာ
နိုင်ငံတော်အဖြစ် အတိအလင်း
ကြေညာပေးပါရန် အဆိုတင်သွင်းခဲ့သည်။ 
ပါလီမန်အမတ် ဗိုလ်ခင်မောင်က ထောက်ခံသည်။ သာသနာရေး၀န်ကြီး ဦး၀င်းက 
ကန့်ကွက်သဖြင့် အတည် မပြုနိုင်ခဲ့ပေ။

၄။ ၁၉၅၅ ခုနှစ်တွင် သံမဏိဦး၀မ်းမောင်နှင့် 
သခင် ဗသောင်းတို့ တည်ထောင်သော ရီပတ်ဗလီကင်ပါတီ (ေ ခေါ်) သမ္မတဂိုဏ်းပါတီ၊
၁၉၅၈ ခုနှစ်တွင် ဆာအမ်အေမောင်ကြီး အပါအ၀င် နိုင်ငံရေးသမားကြီး ကိုးဦးပါ၀င်သော The Buddhist Democratic Party နှင့် ၁၉၅၉ ခုနှစ်တွင် သီပေါမင်း၏ တတိယသမီးတော် အသျှင်ထိပ်စုမြတ်ဘုရား နာယကနှင့် မြေးတော် တော်ဘုရားလေး ဦးအောင်ဇေဦးဆောင်သော နိုင်ငံတော်ဘာသာ ဖြစ်မြောက်ရေးအဖွဲ့တို့နှင့် ရဟန်းပျိုအဖွဲ့များ၊ ရခိုင်သံဃာတော်များသမဂ္ဂ အစရှိသော
အဖွဲ့အစည်းများက နိုင်ငံတော် ဘာသာပြဋ္ဌာန်းရေးအတွက် နှိုးဆော်ဆောင်ရွက်ခဲ့ကြသည်။

၅။ ၁၉၆၀ ပြည့်နှစ်တွင် နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းရေးဆိုင်ရာ အကြံပေးအဖွဲ့နှင့် စုံစမ်းရေးကော်မရှင်များကို ဖွဲ့စည်းပြီး 
မြန်မာနိုင်ငံ တစ်၀ှမ်းသို့ သွားရောက်ကာ သဘောထားများတောင်းခံခဲ့သည်။ ဘာသာပေါင်းစုံမှ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။

၆။ ၁၉၆၁ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့တွင် နိုင်ငံတော်ဘာသာ အက်ဥပဒေကြမ်းကို
၀န်ကြီးချုပ် ဦးနုက လွှတ်တော်သို့တင်သွင်းသည်။

၇။ ၁၉၆၁ ခုနှစ်၊ သြဂုတ်လ ၂၆ ရက် ၁၃၂၃ ခု ဝါခေါင်လပြည့်နေ့တွင် လွှတ်တော်နှစ်ရပ် တြဲဖက္ညီလာခံ အစည်းအေ၀းက
ထောက်ခံမဲ ၃၂၄ မဲ၊ ကန့်ကွက်မဲ ၂၈ မဲဖြင့် ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံ၏ နိုင်ငံတော်ဘာသာအဖြစ် အတည်ပြုပြဋ္ဌာန်းခဲ့သည်။
ထိုနေ့ နေ့လည် ၁ နာရီ ၂၅-မိနစ် တိတိ အချိန်တွင် နိုင်ငံတော်သမ္မတ 
အိမ်တော်တွင် သမ္မတ ဦး၀င်းမောင်က အခမ်းအနားဖြင့် လက်မှတ်ရေးထိုး
အတည်ပြုပြဋ္ဌာန်းခဲ့သည်။

(၁၉၅၁ ခုနှစ်တွင် ပါလီမန်အမတ် 
ဒေါ်ခင်လှ တင်သွင်းခဲ့သော နိုင်ငံတော်ဘာသာပြဋ္ဌာန်းရေးသည် 
၁၀ နှစ်အကြာ ၁၉၆၁-ခုနှစ်တွင် 
အကောင်အထည် ပေါ်လာခဲ့ပါသည်။)

ကျင်းပရန် အစီအစဉ်များ
=============
၁။ နံက်ပိုင်းတွင် သာသနာ့ 
အလံတော်များကို စတင် လွှင့်ထူ ကြရပါမည်။

၂။ ဥပုသ်သီတင်း ဆောက်တည်ခြင်း၊ အလှူဒါနများပြုလုပ်ခြင်း၊ 
တိရစၧာန်များကို ဘေးမဲ့လွှတ်ခြင်း၊
ပရိတ် ပဋ္ဌာန်း မေတ္တာပို့စသည်များ စုပေါင်းရွတ်ဆိုခြင်း၊ 
တရားပြဲမ်ား ဟောပြောပွဲများ 
ကျင်းပခြင်းတို့ကို (မိမိတို့ စွမ်းနိုင်သမျှ)
ဆောင်ရွက်ကြရပါမည်။
(နို   နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းခဲ့သည့်နေ့ကလည်း ရဟန်းရှင်လူများသည် 
ထိုသို့ပင် ဆောင်ရွက်ခဲ့ကြပါသည်။)

၃။ ညနေတွင် သာသနာ့အလံတော်များကို ပြန်လည်သိမ်းဆည်းနိုင်ကြပါသည်။

နိုင်ငံတော်ဘာသာနေ့ ကျင်းပရန်နှိုးဆော်ချက်
==========================
ပထစအစိုးရလက်ထက် 
(1961-ခုနှစ် သြဂုတ်လ 26 ရက်) 
၁၃၂၃ ခု ဝါခေါင်လပြည့်နေ့တွင် လွှတ်တော်နှစ်ရပ် တြဲဖက္ညီလာခံ
အစည်းအေ၀းက ထောက်ခံမဲ 324 မဲ၊ ကန့်ကွက်မဲ 28 မဲဖြင့် ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံ၏ နိုင်ငံတော်ဘာသာအဖြစ် 
အတည်ပြု ပြဋ္ဌာန်းခဲ့သည်။ 
ထိုနေ့ နေ့လည် 1 နာရီ ၂၅မိနစ် တိတိ 
အချိန်တွင် နိုင်ငံတော်သမ္မတ အိမ်တော်တွင် 
သမ္မတ ဦး၀င်းမောင်က အခမ်းအနားဖြင့်
လက်မှတ်ရေးထိုး အတည်ပြုပြဋ္ဌာန်းခဲ့သည်။

ထိုတိမ်မြုပ်နေသော 
ဂုဏ်ယူဖွယ် သမိုင်းကြောင်းကို
ယခုအခါ ပြန်လည်ဖော်ထုတ်ရန် အမျိုး 
ဘာသာ သာသနာချစ်မြတ်နိုးသူများ၏
တာ၀န်တစ်ရပ် ဖြစ်လာခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် ကျရောက်မည့် 
၅၇-နှစ်မြောက် နိုင်ငံတော် ဘာသာနေ့ 
အထိမ်းအမှတ် အခမ်းအနားများကို
မြန်မာတစ်နိုင်ငံလုံးတွင် ညီညြတ္စြာ
ကျင်းပကြရန် ဆရာတော် သံဃာတော်များနှင့်
သာသနာရေး လူမှုရေးအသင်းအဖွဲ့များအား
နှိုးဆော်လျက်။

Crd:သူရိန်စိုး(ဓမ္မဒူတ)
ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ 

ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ အကြောင်းကို ကြိုတင်သိရှိပြီး ကျင်းပ 
ပြုလုပ်နိုင်ရန် အခမ်းအနားအစီအစဉ်မ်ား
==================================

ဓမ္မစကူးလ်ဆရာဆရာမများ
ဓမ္မစကူးလ်သားသားမီးမီးများကို
သင်ကြားပေးလိုက
သင်ကြားပေးနိုင်ရန် ရည်ရွယ်လျှက်
ကြိုတင်ပြီးတင်ပေးလိုက်ပါတယ် ။

Save ရတာ အဆင်ပြေအောင်
ကင်မရာရိုက်ပြီး တင်ပေးလိုက်ပါတယ်။
အများအတွက် အကျိုးရှိလိမ့်မယ်လို့
ယုံကြည်ပါတယ် ။

ဆရာတော်သံဃာတော်များနှင့်
မိတ်ဆွေအားလုံးကို
ရိုသေ လေးစား တန္ဖိုးထား ခင်မင်လျှက်

မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ