တန်ဆောင်မုန့်လပြည့်၏
ပံ့သကူ ဆိုသည်မှာ
==========
ပံသုကူလံ ပံသုကူ 
ထိုမှတဆင့် ပံ့သကူ လို့ ခေါ်ဝေါ်လာခဲ့ကြတယ်။ ပံသုဆိုတဲ့ပုဒ်က မြေကြီး ဖြစ်ပါတယ်။
အဓိပ္ပါယ်ကတော့ #ပါပံသုကူလ မြေမှုန့်ကဲ့သို့စက်ဆုတ်ဖွယ်ကောင်းတဲ့အဝတ်  လို့ အဓိပ္ပါယ်လို့ရပါတယ်။

မြတ်စွာဘုရားလက်ထက်တော်က ရဟန်းတော်တွေဟာ သင်္ကန်းအတွက်
လူတို့စွန့်ပစ်ထားတဲ့ အဝတ်စတွေကို ရှာဖွေကြရပါတယ်။ ဒီလိုရှာဖွေကြရတဲ့အခါ အဝတ်စအများစုကိုတွေ့ရနိုင်တာကများသောအားဖြင့် 
#အမှိုက်ပုံနဲ့ #သချိုင်းကုန်း
 (၂)နေရာသာ ဖြစ်ပါတယ်။

အကြောင်းရင်းမှာ လူတွေက မိမိတို့မလိုချင် ၊မဝတ်ချင်တော့တဲ့
ဝတ်မရတော့လောက်အောင် ပျက်စီးနေတဲ့ အဝတ်အထည်တွေကို အမှိုက်ပုံကို စွန့်ပစ်လေ့ရှိကြတယ်။ အဲဒီခေတ်အခါက လူတွေ သေလွန်ကြတဲ့အခါအလောင်းကောင်ကို အဝတ်ပတ်ပြီး သုသာန်မှာ လာပစ်ထားကြခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ရဟန်းတော်တွေဟာ ဒီလိုလာပစ်ထားကြတဲ့ အဝတ်အထည်စတွေကို ကောက်ယူပြီးမှ သစ်ခေါက်ရည်ဆိုးခြင်း၊ ချုပ်လုပ်ခြင်း စတာတွေ ပြုလုပ်ကြရပြီး သင်္ကန်းအဖြစ် ဝတ်ရုံဆင်မြန်းခဲ့ကြရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီသင်္ကန်းမျိုးကိုလည်း
 #ပံသုကူလစီဝရံ
#ပံ့သကူသင်္ကန်း  လို့  ခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။
      

#လူတွေဟာ အဝတ်အထည်တွေကို ရဟန်းတော်တွေကို သင်္ကန်းအဖြစ်
ရရှိကြစေဖို့ ရည်ရွယ်ကာ စွန့်ပစ်ကြတာ မဟုတ်ဘဲ သူတို့ မလိုချင်တော့လို့ ဝတ်မရလောက်အောင် ပျက်စီးသွားလို့ လူသေသွားလို့ ထုံးစံအရ 
အလောင်းကောင်ကို လူမမြင်အောင်လို့သာ အဝတ်တွေကိုစွန့်ပစ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့်
ရဟန်းတော်တွေ သင်္ကန်းအဖြစ် စီမံချုပ်လုပ်ဝတ်ရုံလို့ရအောင်ရည်ရွယ်ပြီးတော့ တမင်တကာပံ့သကူပစ်ထားခဲ့တဲ့
#နတ်သမီးတစ်ပါး ရှိခဲ့ဖူးပါတယ်။
        

#ပံ့သကူပစ်ခြင်းအစ #ဇာလိနီက

တစ်ခါတုန်းက
#အရှင်အနုရုဒ္ဓါ မထေရ်ကြီးဟာ ဝတ်ရုံထားတဲ့သင်္ကန်းက  အတော်ဟောင်းနွမ်းနေပြီဖြစ်တဲ့အတွက်အမှိုက်ပုံတွေမှာ ပံ့သကူအဝတ် 
အရှာထွက်ခဲ့ပါတယ်။

အဲဒီနေ့ဟာ
#တန်ဆောင်မုန်းလပြည့်နေ့မနက်အစောပိုင်း အချိန်အခါ ဖြစ်ပါတယ်။

ဒီအကြာင်းအရာကို သိမြင်တဲ့ ဘဝဟောင်းတုန်းက ဇနီးမယားတော်စပ်ခဲ့ဖူးသူဖြစ်တဲ့ #ဇာလိနီနတ်သမီးဟာ သူကိုယ်တိုင်လှူတန်းရင် နတ်ဝတ်တန်ဆာတွေကို မထေရ်ကြီးက အလှူမခံမှာကို သိတဲ့အတွက် မထေရ်ကြီးရောက်ရှိလာမယ့် အမှိုက်ပုံအနီးနားမှာ နတ်အဝတ်(၃)ထည်ကို မသိမသာပစ်လှူထားခဲပါတယ်။ အဲဒီအချိန်ကစပြီး ပံသကူပစ်ခြင်းဓလေ့စပြုခဲ့တာ ဖြစ်တယ်လို့ကျမ်းအချို့မှာ  ပြဆိုထားပါတယ်။
ဒါ့ကြောင့် #ပံ့သကူပစ်ခြင်းအစ_ဇာလိနီက လို့တောင် ပြောစမှတ် ပြုခဲ့ကြပါတယ်။
      

 
တန်ဆောင်မုန်းလပြည့်နေ့ မနက်အစောပိုင်းမှာ ဇာလိနီနတ်သမီးရဲ့အဝတ်အထည်ပံ့သကူပစ်ခြင်းကို အကြောင်းပြုပြီး အခုခေတ်အခါမှာလည်း တန်ဆောင်မုန်းလပြည့်နေ့ရောက်တိုင်း လပြည့်နေ့နက်အစောပိုင်းအချိန်ကာလတွေမှာ လူသူလေးပါး ကင်းဆိတ်ချိန်ကိုရွေးပြီး
လူတွေ မြင်နိုင်လောက်တဲ့ လမ်းဆုံလမ်းခွ နေရာမျိုးတွေမှာ ငွေ အဝတ်အထည်စတဲ့ ပစ္စည်းတွေကို စွန့်ပစ်ထားခဲ့ကြပြီး  အယုတ်၊အလတ်၊အမြတ်မရွေး မြင်တွေ့သူတွေ ရရှိပြီး ဝမ်းမြောက်ပျော်ရွှင်နိုင်ကြပါစေ ဆိုတဲ့ အနှောင်အဖွဲ့ကင်းတဲ့ ကုသိုလ်ဒါနစိတ်တွေနဲ့ ပံ့သကူပစ်ကာပေးလှူနေကြတာ ဖြစ်ပါတယ်။
       

    #ပံ့သကူစာတန်းလေးရေးထားပါ

မြတ်စွာဘုရားရှင် သာဝတ္ထိပြည်ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေတဲ့အချိန်က ဖြစ်ခဲ့တဲ့ အကြောင်းအရာလေး ဖြစ်ပါတယ်။
တစ်နေ့မှာ #မိစ္ဆာဒိဋ္ဌိအယူရှိတဲ့ပုဏ္ဏားတစ်ယောက်က သူ့အပေါ်ရုံပုဆိုးကို ကိုယ်နံ့ မနံအောင်ဆိုပြီး တစ်နေရာမှာ ချထားကာ အိမ်တံခါးဝကနေ
ကြည့်ရင်း ထိုင်နေတယ်။ အဲဒီအချိန် #ရဟန္တာမထေရ်တစ်ပါးက မြို့ထဲမှာ ဆွမ်းဘုန်းပေးပြီးကျောင်းကိုပြန်လာတဲ့အခါ ပုဏ္ဏားရဲ့အဝတ်ကို 
ပိုင်ရှင် မရှိဘဲ ပံ့သကူအမှတ်နဲ့ ကောက်ယူလိုက်တယ်။

အဲဒီအခါ
ပုဏ္ဏားက  "ဦးပြည်းယုတ်၊ငါ့အဝတ်ကိုခိုးယူတယ်"လို့  ရဟန္တာမထေရ်ကိုဆဲဆိုတဲ့အခါ ရဟန္တာမထေရ်က "ပံ့သကူမှတ်လို့ ယူမိပါတယ်"လို့
ပြောပြီး ပုဏ္ဏားကို အဝတ်ပြန်ပေးလိုက်တယ်။

ဒါကြောင့်
ပိုင်ရှင်ရှိတဲ့ပစ္စည်းလား ပံ့သကူပစ္စည်းလားဆိုတာ သိရဖို့ #ပံ့သကူဆိုတဲ့စာတန်းလေးရေးထားရင် အကောင်းဆုံး ဖြစ်ပါတယ်။
       

#ပံ့သကူနဲ့ #မဟာပံ့သကူ ပံသကူပစ်တာနဲ့ပတ်သက်ပြီး#လူတွေနဲ့ #ရဟန်းသံဃာတွေကို  ပံ့သကူးပစ်ခြင်းဆိုပြီး နှစ်မျိုးရှိပါတယ်။
 
ရဟန်းသံဃာတော်တွေ သီတင်းသုံးကြတဲ့ ဘုန်းကြီးကျောင်းတွေမှာ 
ရဟန်းသံဃာတော်တွေ မြင်နိုင်မယ့်နေရာမျိုးမှာ (ဝတ္ထုငွေ မပါဘဲ)

သင်္ကန်း၊ထီး၊ ဖိနပ် ၊ယပ်  ပိဋကတ်သုံးပုံစာအုပ် စတဲ့ရဟန်းတော်တို့နဲ့အပ်စပ်ရာကို ပံသကူအလှူပါဘုရားလို့စာရေးသားပြီးအခင်းတစ်ခုဖြင့် 
ပံ့သကူ ထားပေးကြမယ်ဆိုရင်တော့

ဒီပံ့သကူဟာ လူတွေကို စွန့်လှူတဲ့
သာမန်ပံ့သကူမျိုး မဟုတ်တော့ဘဲလွန်စွာအကျိုးကြီးတဲ့ #မဟာပံ့သကူမျိုး ဖြစ်ပါတယ်။

      
လူတွေကို စွန့်လှူတဲ့ 
၁။ပံ့သကူပဲဖြစ်ဖြစ် ရဟန်းတော်တွေကိုစွန့်လှူတဲ့
၂။မဟာပံ့သကူပဲဖြစ်ဖြစ် ရရှိကြသူ ရဟန်းရှင်လူအပေါင်းက
မထင်မှတ်ဘဲ  ရရှိခဲ့တဲ့အတွက် လွန်စွာအံ့ဩဝမ်းသာ
ကြည်နူးစေတဲ့ ကုသိုလ်ဖြစ်စေပါတယ်။

  ပံ့သကူပစ်တဲ့ဒါနကို ပြုခဲ့ကြသူတွေမှာလည်း
အကျိုးပေးတူတဲ့ ငွေကြေးအဝတ်အထည် စည်းစိမ်ဥစ္စာတွေ ထီပေါက်သလိုမျိုး ဝမ်းသာစရာ ကောင်းလောက်အောင် အကျိုးပေးမှုတွေ ရရှိစေပါတယ်။

ဒါကြောင့်
#တန်ဆောင်မုန်းလပြည့်နေ့မနက်ပိုင်း#ကျီးမနိုးခင်ပံ့သကူပစ်ခြင်းကုသိုလ်ကို ပြုလုပ်ရင်း ကပ်သုံးပါးမှ အမြန်လွတ်မြောက်ပြီးကိုယ်ကျန်းမာစိတ်ချမ်းသာစွာနဲ့ လောကီလောကုတ်နှစ်ဖြာကောင်းကျိုး
ဆက်လက်သယ်ပိုးရွက်ဆောင်နိုင်ကြပါစေ။

(အရှင်အရဟံ-မြောက်ဦး)

ပြန်လည်မျှဝေပါသည်

မူရင်း ရေးသားသူအား လေးစားစွာ Crd#ပေးပါသည်။