အမှန်တရားစစ်အား တူးဖော်နိုင်ကြပါစေ။


ကပိလဝတ်ပြည်ကြီးတစ်ခုလုံး ပျက်စီးမယ့်အရေးကို မြတ်စွာဘုရားရှင်က ကြိုပြီးမြင်တော်မူတော့


ဝိဋဍူဘကို ကပိလဝတ် မြို့ထိပ်ကနေစောင့်ပြီး တားတော်မူတယ်။


တစ်ကြိမ်တောင် မဟုတ်ဘူး သုံးကြိမ်ကြီးများတောင်။


နောက်ဆုံးတော့

သတ္တဝါတွေ ပျက်စီးခြင်လာရင် ဘုရားရှင်တောင် တားမရဘူးထင်ပါတယ် 

ဝိဋဍူဘက သာကီမျိုးတွေကို အကုန်သတ်ပစ်တာပါပဲ။


ပြောချင်တာကတော့ တစ်ချို့သော ဂရုကံ အကုသိုလ်တွေကို 

ဂရုကံ ကုသိုလ်ကောင်းမှုကလွဲပြီး ဘုရားရှင်သော်မှ မကယ်မနိုင်ကြဘူး။


ဓမ္မပဒထဲက ဇာတ်လမ်းကိုမှီပြီး

မြန်မာဆိုရိုးမှာ စကားပုံတစ်ခု ရှိတယ်။


"သမင်မွေးရင်း ကျားစားရင်း

ဆိုတာပေါ့ "


အတုံ့အလှည့် သံသရာမကုန်သရွေ့တော့

သတ္တဝါတိုင်း ပျက်စီးခြင်းဘေးမကုန်ဘူး။


လူမိုက်တိုင်းကို တားလို့သာ ရကြေးဆို 


ရှင်ဒေဝဒတ် ငရဲကျစရာ အကြောင်းမရှိသလို


စိဉ္စမာနခင်ဗျာလည်း မြေမြိုစရာ မကြောင်းမှမရှိတာ။


ပျက်အစဉ်ပြင်ခဏ စိတ်ဆိုတာ တိဟိတ်ပုဂ္ဂိုလ်တွေရဲ့ ဓလေ့ သဘာဝသာဖြစ်တယ်။


ဒွိဟိတ် စာရင်းဝင်ဆန့်သူတိုင်းက ဝက်သတ်သမားစုန္ဒလိုပဲ ဘုရားကျောင်းနဲ့ နီးသော်ငြားလည်း ကျွတ်တမ်းဝင်ခွင့်မရှိပါဘူး။


သဘာဝနဲ့ သမာသမတ်ကျခြင်း အလေ့အထကို အန္ဓပုထုဇဉ်တိုင်း မတတ်ကျွမ်းဘူး။ သံသရာရဲ့ ကံဖန်အကြောင်းတရားတို့ စီရင်ခန်းတိုင်း


ဘဝရဲ့ မီး ၁၁ ပုံဟာ တောက်လို့မကုန်ကို ဖြစ်ရတယ်လေ။ ။


မိမိ အသိဉာဏ် မိမိ ပညာဓာတ်ခံတို့ဖြင့် အမှောင့်အဖျက်ကင်းစွာ လောကဘာသာဘာဝ အမှန်တရားစစ်အား တူးဖော်လွန်မြောက်နိုင်ပါစေ။ ။


Credit.