နယုန်လပြည့်နေ့ တွင်
ဗုဒ္ဓရှင်တော်မြတ်ဘုရားသည်
"မဟာသမယသုတ်တော်" တော်ကြီးကို ဟောကြားတော်မူခဲ့၍ ယခုအခါ
နယုန်လပြည့်နေ့ကို မဟာသမယ အခါတော်နေ့ဟူ၍ ကျင်းပကြသည်။
ရှေးမြန်မာ့မင်းတို့သည် ဘုရားရှင်၏ သာသနာတော် သုံး ရပ်တွင် အခြေခံကျသော
ပရိယတ္တိသာသနာတော်ကြီး စည်ပင်ပြန့်ပွားစေရန်
ပထမပြန်စာမေးပွဲများကိုကျင်းပပေးခဲ့ကြသည်။
သက္ကရာဇ် ၁၀၀၀ ပြည့်တွင် အင်းဝဘုရင် သာလွန်မင်းတရားကြီး ပထမဆုံးစတင်ကျင်းပခဲ့ရာမှစ၍ ...
နယုန်လကို စာဆိုတော်လ ၊ စာပြန်တော်လ ဟုခေါ်ဆိုခဲ့ကြသည်။
မြန်မာ့မင်း အဆက်ဆက်တို့သည် သာသနာ့ရေသောက်မြစ်ဖြစ်သော စာပြန်တော်ပွဲများကို ကျင်းပပေးခဲ့ကြသည်။
စာမေးပွဲအောင်သော သံဃာတော်များ၏ မိဘ ဆွေမျိုးများကို မင်းတိုင်း ၁၂ ရပ်ခေါ် အခွန်ကင်းလွတ်ခွင့်အပါအဝင် အထူးအခွင့်အရေးများပေး၍ ချီးမြှင့်ခဲ့ကြသည်။
ထိုမှဆက်၍ မန္တလေး ၊ ရန်ကုန် ၊ သထုံ ၊ မော်လမြိုင် ၊ ညောင်တုန်း စသည့်မြို့များကပါ စာပြန်ပွဲများကို
ကျယ်ပြန့်စွာ ကျင်းပခဲ့ပြီး ...
နောက်အခါ နိုင်ငံတော် အစိုးရကပါ မြန်မာနိုင်ငံတစ်ဝန်း
ပထမပြန်စာမေးပွဲများ ၊ တိပိဋကဓရ ရွေးချယ်ပွဲများအထိ ကျင်းပပေးခဲ့ကြ၍
ယခုအချိန်အထိ ဗုဒ္ဓဘာသာ စည်ပင်ပြန့်ပွားနေခြင်းဖြစ်သည်။
"နယုန်လနဲ့ ပက်သက်တဲ့ စာချိုးလေးက ...
ရွှေစာတော်ပြန်မေးလို့ မြတ်လေးတဲ့စံပယ်၊ မေထုန်ဆို ရာသီကူး၊ ပွင့်ဖူးဝတ်မှုန်နံ့၊ သင်းပျံ့တော့တယ်
ကောင်းကင်လယ်
ထက်ဝယ်ဘုံက
ဇေဋ္ဌခေါ် ၊ ရွှေကြယ်မင်းလင်းတဲ့ ချိန်ပ " တဲ့
နယုန်လဆိုသောဝေါဟာရ တွင်ပါသည့်
" န " သည် " နံ " ဟူသောစကားမှ ရွေ့လာသောစကားဖြစ်သည်။
နံ = အချိန်ကာလ
ယုန် = မိုး (သို့) စီးဆင်းခြင်း ဟူ၍ အဓိပ္ပါယ် ရသည်။
ထို့ကြောင့် နံယုန် ဟူသည် မိုးရွာသောလ ဟု ဆိုလိုသည်။
မြန်မာ တို့က "နယုန်မိုးသေးမြက်သားမွေး" ဟုဆိုရိုးပြုခဲ့လေသည်။
နယုန်လပြည့်နေ့ တွင်
ရှင်တော်မြတ်ဘုရားသည်
"မဟာသမယသုတ်တော်" တော်ကြီးကို ဟောကြားတော်မူခဲ့၍ ယခုအခါ
နယုန်လပြည့်နေ့ကို မဟာသမယ အခါတော်နေ့ဟူ၍ ကျင်းပကြသည်။
ရှေးမြန်မာ့မင်းတို့သည် ဘုရားရှင်၏ သာသနာတော် သုံး ရပ်တွင် အခြေခံကျသော
ပရိယတ္တိသာသနာတော်ကြီး စည်ပင်ပြန့်ပွားစေရန်
ပထမပြန်စာမေးပွဲများကိုကျင်းပပေးခဲ့ကြသည်။
သက္ကရာဇ် ၁၀၀၀ ပြည့်တွင် အင်းဝဘုရင် သာလွန်မင်းတရားကြီး ပထမဆုံးစတင်ကျင်းပခဲ့ရာမှစ၍ ...
နယုန်လကို စာဆိုတော်လ ၊ စာပြန်တော်လ ဟုခေါ်ဆိုခဲ့ကြသည်။
မြန်မာ့မင်း အဆက်ဆက်တို့သည် သာသနာ့ရေသောက်မြစ်ဖြစ်သော စာပြန်တော်ပွဲများကို ကျင်းပပေးခဲ့ကြသည်။
စာမေးပွဲအောင်သော သံဃာတော်များ၏ မိဘ ဆွေမျိုးများကို မင်းတိုင်း ၁၂ ရပ်ခေါ် အခွန်ကင်းလွတ်ခွင့်အပါအဝင် အထူးအခွင့်အရေးများပေး၍ ချီးမြှင့်ခဲ့ကြသည်။
ထိုမှဆက်၍ မန္တလေး ၊ ရန်ကုန် ၊ သထုံ ၊ မော်လမြိုင် ၊ ညောင်တုန်း စသည့်မြို့များကပါ စာပြန်ပွဲများကို
ကျယ်ပြန့်စွာ ကျင်းပခဲ့ပြီး ...
နောက်အခါ နိုင်ငံတော် အစိုးရကပါ မြန်မာနိုင်ငံတစ်ဝန်း
ပထမပြန်စာမေးပွဲများ ၊ တိပိဋကဓရ ရွေးချယ်ပွဲများအထိ ကျင်းပပေးခဲ့ကြ၍
ယခုအချိန်အထိ ဗုဒ္ဓဘာသာ စည်ပင်ပြန့်ပွားနေခြင်းဖြစ်သည်။
နယုန်လနဲ့ ပက်သက်တဲ့ စာချိုးလေးက ...
"ရွှေစာတော် ပြန်မေးလို့
မြတ်လေးတဲ့ စံပါယ်
မေထုန်ဆိုရာသီကူး
ပွင့်ဖူးဝတ်မှုံ့နံ့ သင်းပျံ့တော့တယ် ...
ကောင်းကင်လယ်
ထက်ဝယ်ဘုံက
ဇေဋ္ဌခေါ် ၊ ရွှေကြယ်မင်းလင်းတဲ့ ချိန်ပ " တဲ့
နယုန်လဆိုသောဝေါဟာရ တွင်ပါသည့်
" န " သည် " နံ " ဟူသောစကားမှ ရွေ့လာသောစကားဖြစ်သည်။
နံ = အချိန်ကာလ
ယုန် = မိုး (သို့) စီးဆင်းခြင်း ဟူ၍ အဓိပ္ပါယ် ရသည်။
ထို့ကြောင့် နံယုန် ဟူသည် မိုးရွာသောလ ဟု ဆိုလိုသည်။
မြန်မာ တို့က "နယုန်မိုးသေးမြက်သားမွေး" ဟုဆိုရိုးပြုခဲ့လေသည်။
Crd
🙏🙏🙏🙏🙏
BTN Myanmar မိသားစုမှ မြန်မာ ပြည်သူ ပြည်သား အားလုံး ကျန်းမာချမ်းသာ ကျပါစေလို့ ဆုမွန်ကောင်းတောင်း၍ ယခု စာသားကို ကူးယူဖော်ပြပြီး ကုသိုလ်ယူလိုက်ပါသည် ခင်မျာ
0 Comments