တပေါင်းလပြည့်(သို့)အဖေနေ့(သို့)မြတ်ဗုဒ္ဓပြည်တော်ဝင်အခါတော်နေ့
~~~~~~~~~~~~~~~~~
သိဒ္ဓတ္ထမင်းသားဘုရားဖြစ်ချိန်တွင်ဖခင်သုဒ္ဓေါဒနမင်းကြီး၏အသက်သည်တစ်ရာနီးပါးရှိပြီဖြစ်၏။
ဘုရား
ဖြစ်ပြီးပြီးချင်းရာဇဂြိုလ်ပြည်ရှိဝေဠုဝန်ဝါးကျောင်းသို့ကြွချိန်တွင်ဘုရင်ကြီးမှာသားတော်ကိုလွမ်းဆွတ်လျှက်အမတ်ပေါင်း(၁၀၀၁)ယောက်
ကို(၉)ကြိမ်တိတိစေလွှတ်၍ပင့်၏။လာရောက်ပင့်သူများသည်ဘုရားရှင်၏တရားတော်နာကြားရ၍ရဟန္တာဖြစ်ကြကုန်၏။
နောက်ဆုံးဘုရားရှင်၏ဖွားဘက်တော်ကာဠုဒါယီနှင့်အမတ်(၁၀၀၀)ခြံရံသည့်သူများလည်းရဟန္တာဖြစ်ကုန်၏။ကာဠုဒါယီတို့ရောက်၍
တစ်ပတ်မျှအကြာ
ဆောင်းအကုန်နွေအကူး
မဟာသက္ကရာဇ်၁၀၃ခုနှစ်
တပေါင်းလပြည့်ရောက်သော် ရာသီဥတုသာ
ယာခြင်းကိုအကြောင်းပြု၍ မွေးရပ်ဆီသို့ပြန်ကြွရန်လျှောက်ထားခဲ့၏။
ကာဠုဒါယီပင့်လျှောက်စကား
"ကျေးဇူးငါးဂုဏ်ကောင်းခြင်းဂုဏ်နှင့်
ပြည့်စုံထင်ရှား ရှင်တော်မြတ်ဘုရား..
သင်းပျံ့မွှေးကြိုင် ရနံ့လှိုင်သော
သစ်ပင်အပေါင်းတို့ဖြင့်
ရောပြွန်းသော ခရီးလမ်းဖြင့်တောတခွင်သည်
နတ်တို့ပျော်ရွှင် နန္ဒဝန်ဥယျာဉ်ကဲ့သို့
ဆန်းကြယ်လှသည်ဖြစ်၍
ခရီးသွားလူတို့၏
မွေ့လျှော်ရာစိတ်နှလုံးလည်း
ဖြစ်ပေ၏။
ကြီးမြတ်သောဝီရိယရှိတော်မူသောမြတ်စွာဘုရား....
ကိုယ်တော်မြတ်မှမပြတ်ပျိုးပျက်
တလက်လက်ဖြင့် ထွက်သောရောင်ခြည်ရှိတော်မူသောဘုရားတို့၏
ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့
ယ္ခုအခါ၌ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍
ကြွမြန်းဖို့ရန် လျှော်ကန်လျှောက်
ပတ်ကောင်းမြတ်သောအချိန်ပါဘုရား......ဟု
ဂါထာခြောက်ဆယ်ဖြင့်
ပင့်လျှောက်ချိန်
(ဤတပေါင်းလသို့ရောက်ချိန်)ဝယ်.....
မြတ်စွာဘုရားရှင်သည်
တပို့တွဲလပြည့်နေ့ဩဝါဒပါတိမောက်ပြချိန်မှသံဃာ(၁၂၅၀)၊
ဘုရား၏တရားကိုနာယူပြီးမာဂဓတိုင်းအင်္ဂတိုင်းမှသောတာပန်တည်သူဘုရင်ဗိမ္ဗိသာရနှင့်အမတ်ပေါင်းတစ်သိန်းတစ်သောင်းတို့အနက်မှရဟန္တာသံဃာ(၁၀၀၀၀)၊
ဘုရင်သုဒ္ဓေါဒနစေလွှတ်လိုက်သည့်အမတ်ပေါင်း(၉၀၀၉)၊
စုစုပေါင်းသံဃာ(၂၀၀၀၀)ခန့်
ခြံရံပြီး
ဤဝေဠုဝန်ကျောင်းမှ
ကပ္ပိလဝတ်ရွှေနန်းတော်သို့ကြွမြန်းရန်အတွက်
ထွက်ခွာလာပါတော့၏။
ဤနေ့ကိုအဖေနေ့(သို့)မြတ်ဗုဒ္ဓ၏ပြည်တော်ဝင်အခါတော်နေ့ဟုလည်းခေါ်၏။
20.11.2019
ဗုဒ္ဓဂယာ
အမှားရှိကကျွန်ုပ်၏ညံ့ဖျင်းမှုသာ။
Crd#
0 Comments