#ကမ္ဘာကျော်_ပျောက်ဆုံးမှုများ

-----------------------------

အမေရိကန်နိုင်ငံမှာ ၁၉၄၅ ခုနှစ်က ဖလော်ရီဒါ လေတပ်စခန်းမှာ လေ့ကျင့်ရေးဆင်းနေတဲ့ ဗုံးကြဲလေယာဉ် အစင်း(၂၀) ပျောက်ဆုံးသွားတယ်။ စုံစမ်းဖို့ လေယာဉ် (၅)စင်း ထပ်လွတ်တယ်။ (၅)မိနစ်အတွင်း ထပ်ပျောက်သွားကြတယ်။ ယနေ့ထိ ပေါ်မလာ ခဲ့။


၁၉၇၀ ခုနှစ်က သံမဏိတန်ချိန် (၂၀,၀၀၀)ကျော် တင်လာတဲ့ သင်္ဘောတစ်စင်း သမုဒ္ဒရာထဲမှာ ပျောက်ဆုံးခဲ့။


အီတလီနိုင်ငံ၊ ဘိုလော့နာမြို့မှာ ရထားတစ်စင်းဟာ လူ (၁၃၇)ယောက် တင်ပြီး (၁၅)မိနစ်သာ ဖြတ်မောင်းရတဲ့ လှိုဏ်ခေါင်းထဲ ဝင်သွားတာ ပျောက်ဆုံးသွားပြီး (၄၂)နှစ်ကြာမှ သူ့အလိုလျောက် ပြန်ပေါ် လာခဲ့တယ်။ 


ရထားပေါ် ပါသွားသူတွေဟာ အသက် ပိုကြီးမသွားပဲ ဒီအရွယ်က ဒီအရွယ်အတိုင်းပဲ ရှိနေတယ်။ သူတို့ကို မေးတော့လည်း ဘာမှ မေးလို့မရဘူး။ သိပ္ပံပညာရှင်တွေက Time Warp, မအို၊ မနာ၊ မသေ၊ အချိန်မဲ့သော နေရာ တဲ့။ 


၁၉၅၅ ခုနှစ်က အမေရိကန် ဖလော်ရီဒါက ခရီးသည် လေယာဉ် (၁)စင်းဟာ ပျံတက်ပြီး ပျောက်ဆုံးသွားခဲ့တာ ၁၉၉၀ ခုနှစ်မှာ ဗင်နီဇွဲလားနိုင်ငံမှာ ပြန်ပေါ်လာခဲ့တယ်။ သူလည်း (၃၅)နှစ်ကြာ ပျောက်ဆုံးသွားခဲ့တယ်။ စဉ်းစားစရာ ဖြစ်စေခဲ့တာက လေယာဉ်ဟာ (၃၅ နှစ်ကြာ မရပ်မနား ပျံသန်းနေပေမဲ့ လောင်စာဆီ ထပ်မံ ဖြည့်ခဲ့ရခြင်းလည်း မရှိတာပါ။


သိပ္ပံပညာရှင်တွေက ခရီးသည်တွေရဲ့ DNA ကို စစ်ကြည့်တော့ နဂို မူလ အသက်အရွယ်ထက် မအိုသွားကြောင်း အတည်ပြု ထောက်ခံပေးခဲ့တယ်။ သူတို့ကိုမေးတော့ သူတို့ဘာမှ မသိပါဘူး၊ လေယာဉ်ကလည်း ပုံမှန် ပျံသန်းနေပါတယ် တဲ့။


ဒုတိယကမ္ဘာစစ်တုန်းက မြန်မာနိုင်ငံံ ရခိုင်ရိုးမတောကြီးထဲမှာ မဟာမိတ်တပ်ကြီး (၁)တပ်လုံး ပျောက်ဆုံးသွားခဲ့တယ်။ အင်္ဂလိပ်ဝန်ကြီးချုပ် ချာချီကိုယ်တိုင် ကမ္ဘာ့စစ်ရေးမှာ မကြုံဘူးသော ထူးဆန်းသည့် အကြောင်းအရာတစ်ခုဟု မှတ်ချက် ပြုပေးခဲ့တယ်။ သူတို့လည်း ခုချိန်ထိ ပေါ်မလာ ကြသေးဘူး။


********************************************


#ဘုရားရှင်လက်ထက်က_ပျောက်ဆုံးမှုများ

----------------------------------------


ဘုရားရှင်မပွင့်မီ နှစ်ပေါင်း (၇၀၀)အလိုမှာ ပြိတ္တာတစ်ဦးဟာ လူယောင်ဖန်ဆင်းပြီး သူ့ရဲ့ မယားဟောင်းကို ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားတွေပေးကာ မိဘတွေဆီမှ တောင်းယူပြီး ခေါ်သွားခဲ့တယ်။ (၇)နှစ်လောက် ကြာတော့ မယားက မိဘဆီ ပြန်ချင်တယ် ပြောတော့ ပြိတ္တာက ပြန်ဖို့ မဖြစ်နိုင်ကြောင်း၊ လူ့အသက်နဲ့ဆို နှစ်ပေါငိး (၇၀၀) ကြာမြင့် သွားပြီ ဖြစ်ကြောင်း ပြောပြတော့ မယုံကြည်တဲ့အတွက် အတင်း ပြန်ပို့ခိုင်းတယ်။ ပြိတ္တာလည်း သူ့ဇနီးသည်ရဲ့ ဆန္ဒကို မလွန်ဆန်နိုင်တော့ ပြန်ပို့တဲ့အခါမှာ သူနေခဲ့တဲ့ နေရာတွေကို မမှတ်မိတော့ပဲ ဘုရားရှင် ပွင့်ထွန်းတဲ့အချိန် ဖြစ်နေတော့ အမျိုးသမီးလည်း ဘုရားရှင်ကို လျှောက်တော့ သူ ထွက်သွားချိန်ဟာ လူ့သက်တမ်းနဲ့ နှစ်ပေါင်း (၇၀၀)ကြာတာ ဟုတ်မှန်ကြောင်း ပြောပြပြီး ပြိတ္တာဘုံနဲ့ လူ့ဘုံရဲ့အချိန် ကွာခြားမှုကြောင့် ဆိုတာကို ဟောကြားခဲ့တယ်။


အမျိုးသမီးလည်း ကြောက်လန့်ပြီး လက်ဝတ်၊ လက်စားများကို ရောင်းချကာ ဘုရားရှင်ကို ကျောင်းဆောက် လှူဒါန်းပြီး သေတော့ အထက်နတ်ပြည်ကို ရောက်သွားခဲ့တယ်။


နောက်တစ်ခါ  ဗာရာဏသီမင်းကြီးဟာ ပြိတ္တာမတွေ ဖျားယောင်းပြီး ရေထဲမျောလိုက်တဲ့ သရက်သီးကို လိုချင်လို့လိုက်သွားခဲ့ရာမှ ပြိတ္တာမတွေနဲ့ ပေါင်းသင်းနေထိုင်တာ နှစ်ပေါင်း (၁၅၀) ကြာသွားခဲ့တယ်။


နောက်တစ်ခါ ကုန်သည် တစ်ယောက်ဟာ အခြားကုန်သည်တွေနဲ့ ကုန်ကူးသွားတုန်း မယားဟောင်းက ပြိတ္တာအာနုဘော်နဲ့ လှေကိုတားထားလို့ လှေထွက်မရ ဖြစ်တာနဲ့ မဲနှိုက်ပြီး ရေထဲ ပစ်ချခံရမည့်သူ ရွေးတဲ့အခါ (၃)ခါစလုံး သူချည်းကျတဲ့အတွက် ရေထဲ ပစ်ချခံရတယ်။ ရေထဲမကျမီမှာ ပြိတ္တာမက ခေါ်ယူသွားပြီး ပေါင်းသင်းနေထိုင်တာ နှစ်ပေါင်း (၅၀)ကျော် ကြာသွားခဲ့တယ်။


မြန်မာနိုင်ငံက ဦးရှင်ကြီးဝတ္တုကလည်း အဲဒီ သဘောမျိုးပါပဲ။


တကယ်တော့ -

ကမ္ဘာက အဖြေ မထုတ်နိုင်ဘူး ဆိုတာဟာ ဗုဒ္ဓဘာသာဝင် မဟုတ်တာလည်း တစ်ကြောင်း၊ ဖြစ်တဲ့ အကြောင်းအရာဟာလည်း ဘုရားရှင် တို့မှသာလျှင် ဖြေရှင်းနိုင်တဲ့ အရာမို့သာ အဖြေ မထုတ်နိုင်ကြတာပါ။


ဘုရားရှင်က ကိစ္စတစ်ခုကို ယုံကြည်ဖို့ အကြောင်း သုံး ချက်နဲ့ ညှိရမယ် တဲ့။

၁။ မျက် မြင်၊ ကိုယ်တွေ့ အားဖြင့် လည်းကောင်း

၂။ ဝေဖန်၊ ဆင်ခြင်ဥာဏ် အားဖြင့် လည်းကောင်း

၃။ ဘုရားရှင်တို့၏ ဟောပြောမှုကြောင့် လည်းကောင်း

ယုံကြည်ရမယ် တဲ့။


ဒီ ဖြစ်စဉ်တွေက သက်သေပြချက် မရှိဘူး။ စဉ်းစား၊ ဝေဖန်လို့လဲ မရဘူး။ ဘုရားရှင်တို့၏ ဥာဏ်တော်အရာသာ ဖြစ်တဲ့အတွက် အဖြေ မရှိကြတာပါ။


ဒါ့ကြောင့်လည်း ကမ္ဘာကျော် သိပ္ပံပညာရှင် အိုင်းစတိုင်းက ပြောခဲ့တာပေါ့။ " #သိပ္ပံပညာရှင်တွေ_မဖြေရှင်းနိုင်တဲ့_အရာကို_ဗုဒ္ဓဘာသာက_ဖြေရှင်း_ပေးလိမ့်မယ် "တဲ့။


တကယ်တော့ ဘုရားရှင်ရဲ့ ဂုဏ်တော်ကိုးပါးထဲက " #လောကဝိဓူ "ဆိုတဲ့ ဂုဏ်တော်ဟာ " #လောကအကြောင်း_အကုန်သိတယ် "လို့ ပြောတာပါ။


ဗုဒ္ဓဘာသာဝင်များ မိမိတို့ ဘာသာ၏ တန်ဖိုးကို ပို၍ နားလည်နိုင်ကြပါစေ။

                                   

#ဦးမြင့်ခိုင်