တစ်ခါက လူတစ်ယောက်ဟာ သူ့ရဲ့ ယာတောမှာ ရေလိုလို့ ရေတွင်းတစ်တွင်း တူးပါတယ်။ အတောင် (၂၀)လောက်လည်း ရောက်ရော လူလည်း တော်တော်ကြီးကိုမောပန်းနေပါတယ်။ ဒါပေမယ့် ရေတွေ့မယ့် အရိပ်အယောင် အနံ့အသက်တောင်မှ မရသေးပါဘူး။

ဒါနဲ့ အမောဖြေနေတုန်း လူတစ်ယောက်ရောက်လာပြီး ပြောပါတယ်။

ခင်ဗျားဗျာ ၊ ဒီလို ... နေရာမှာ ရေတွင်းတူးလို့ ဘယ်ရေတွေ့မှာလဲ။ လာ ကျွန်တော်ပြတဲ့နေရာမှာသာတူးလိုက်၊ အတောင် (၂၀)မပြည့်ခင် ရေမတွေ့ရင် ကျူ ပ်ကို ပြောချင်သလိုပြော ဆိုပြီး နေရာသစ်တစ်ခုကို လိုက်ပြပါတယ်။

အဲဒါနဲ့ အဲဒီလူပြတဲ့နေရာမှာ သူ ဆက်ပြီးတူးပါတယ်။ အတောင် (၂၀)ကျော် အစိတ်လောက်ရောက်လည်း 
ရေက မတွေ့ပါဘူး။ သူလည်း မောကလည်းမော ၊ စိတ်ကလည်း တော်တော်ပျက်နေပါတော့တယ်။

အဲဒီတုန်း နောက်ထပ် ဆရာတစ်ယောက် ရောက်လာပြန်ပါတယ်။ သူကလည်း ပြောတယ် ...

ဟာ ... ဒီလူတွေ ရေကြောအကြောင်း ဘာမှ မသိဘဲနဲ့ လျှောက်ပြောနေကြတာ၊ ဒုက္ခပါဘဲ ၊ လာလာ ... ကျွန်တော်နောက်လိုက်ခဲ့၊ ကျွန်တော် ပြတဲ့နေရာမှာသာတူးလိုက်၊ အတောင် (၂၀) နဲ့ အစိတ်ကြားလောက်မှာ ရေတွေ့ကို တွေ့ရမယ် ဆိုပြီး နေရာသစ်တစ်ခုကို လိုက်ပြ ပြန်ပါတယ်။

ဒါနဲ့ သူလည်း အင်း ဒီလူပြောတာတော့ ဟုတ်ဟန်တူတယ်။ နေရာသစ်ကို တူးမှ  ဆိုပြီး နေရာသစ်မှာ နောက်ထပ်ရေတွင်းတစ်တွင်း တူးပြန်ပါတယ်။ ဟိုလူပြောသလို အတောင် အစိတ်ကျော်ပြီး (၃၀) နား
ကပ်လာတာတောင် ရေက အရိပ်အငွေ့တောင် မမြင်ရပါဘူး။ လူကလည်း ဖတ်ဖတ်မောနေပါပြီ။

ဒါနဲ့ သူလည်း အမောဖြေရင်း ထိုင်စဉ်းစားတယ်။

အင်း ... ပထမဆုံးတူးခဲ့တာ အတောင်(၂၀) ၊ ဒုတိယတွင်းမှာ အတောင် အစိတ် ၊ တတိယတွင်းမှာ အတောင်(၃၀)နဲ့ ပေါင်းလိုက်ရင် ငါတူးခဲ့တာ အတောင်(၇၀)တောင်ကျော်နေပါကောလား 

ငါ့ဟာငါ ဆက်တူးနေရင် ဒီနယ်မှာ အတောင် (၆၀)ကျော်အောင် တူးရတဲ့ ရေတွင်း ခပ်ရှားရှားရယ်။ သူများစကား နားယောင်ပြီး ဟိုတွင်းတူး ၊ ဒီတွင်းတူးနဲ့ မောတာသာ အဖတ်တင်တယ်၊ငါ့တွင်းဘဲ ငါဆက်တူးတော့မယ် ဆိုပြီး သူ ပထမဆုံးတူးခဲ့တဲ့ တွင်းဆီပြန်သွားပြီး စိုက်လိုက်မတ်တပ်နဲ့ တူးလိုက်တာ အတောင် (၄၀)ကျော်လောက်မှာ ရေတွင်းက အောင်သွားပြီး ရေတွေ့သွားပါတော့တယ်။

ကျွန်တော်တို့ဘ၀မှာလည်း ဒီလိုဘဲ။ အစကတော့ အားကြိုး မာန်တက်နဲ့ စခဲ့ကြပေမယ့် တစ်၀က်တစ်ပျက်ရောက်ခါမှ အကြောင်းအမျူ ိးမျူ ိးနဲ့ ရပ်နားထားတဲ့ အလုပ်တွေ ၊ စီမံကိန်းတွေ ၊ ဘ၀ရည်မှန်းချက်တွေ ဘယ်လောက်တောင်မှ များခဲ့ပြီလဲ။

ကြီးမားတဲ့ ဘ၀ရည်မှန်းချက်တွေသာမက အတတ်ပညာတစ်ခု သင်ယူတာ၊ သင်တန်းတစ်ခု တက်တာ၊ ကိုယ်အလေးချိန်ချတာ .... စတဲ့ ကိစ္စလေးတွေအပါအ၀င်ပေါ့။

ခင်ဗျားတို့တော့ မသိဘူး ...ကျွန်တော့်မှာတော့ ဒီလိုကိစ္စတွေ ရေမတွက်နိုင်အောင် များခဲ့လှပါပြီ။ ရလဒ်ကတော့ ဘာကိုမှ 
အောင်မြင်ပြီးစီးအောင် မလုပ်နိုင်ဘဲ သူလိုငါလို ဘ၀မှာဘဲ ယောင်ချာချာ ဖြစ်နေရတာပါဘဲ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ကျဆင်းလာပါတယ်။

အထက်က ရေတွင်းတူးတဲ့လူလို စ, ပြီး တူးမိတဲ့ ရေတွင်းတစ်ခုကိုသာ ရေတွေ့သည်အထိ ပြီးစီးအောင် တူးမယ်။ပြီးရင် နောက်တစ်တွင်း ဆက်ပြီး တူးမယ်ဆိုရင် ကျွန်တော်တို့မှာ ရေထွက်
နေတဲ့ ရေတွင်းပေါင်းများစွာ ပိုင်ဆိုင်နေပြီပေါ့။

အခုတော့ ရေမထွက်တဲ့တွင်းတွေ ဟိုမှာလည်း တစ်တွင်း၊ ဒီမှာလည်း တစ်တွင်းနဲ့ တွင်းတွေသာများနေပြီး ဘာမှ သောက်လို့မရ၊ သုံးလို့မရနဲ့ အသုံးမကျတဲ့ ရေတွင်းပိုင်ရှင်တွေဘဲ ဖြစ်နေရတော့တာပေါ့။

ကိုယ့်ဘ၀ကိုယ် ပြန်ပြီးသုံးသပ်ကြည့်လိုက်ရင် ကျွန်တော်တို့အဖြစ်ဟာ ရေမထွက်တဲ့ ရေတွင်းတွေရဲ့ အလည်မှာ ငုတ်တုတ်ထိုင် မှိုင်တွေချနေရတဲ့ အဖြစ်မျူ ိးပါ။ 
_________________________
ရေထွက်အောင်တူးသွားနိုင်သူတွေကတော့ 
_________________________
သူတို့တူးထားတဲ့ ရေတွင်းထဲကရေတွေကို ပျော်ရွှင်စွာ သောက်သုံးနေကြတဲ့ အချိန်မှာ ကျွန်တော်တို့ကတော့ သူတို့ကို ငေးကြည့်နေရတယ်။

ကဲ ... မိတ်ဆွေ။ ခင်ဗျားလည်း လူ ...သူတို့လည်းလူ အတူတူပါဘဲဗျာ။ ဘာမှ ကွာခြားချက် မရှိပါဘူး။ ကျွန်တော်တို့ တကယ် 
လိုအပ်နေတာကတော့ ရေတွင်းကို ပြီးစီးအောင် ဆက်မတူးကြတာပါဘဲ။

ကဲ ... ကနေ့ကစပြီး ကျွန်တော်နဲ့အတူတူ ခင်ဗျားတူးလက်စ 
ရေတွင်းတွေထဲက ခင်ဗျားအတူးချင်ဆုံး ရေတွင်းတစ်တွင်းကို ပြန်ရွေးချယ်လိုက်ပြီး ပြန်တူးကြရအောင်လား။ ရေထွက်သည့် တိုင်အောင်ပေါ့။

ကိုယ်တူးလိုက်တဲ့ ရေတွင်းက ရေထွက်လာတဲ့ အောင်မြင်မှု နဲ့၊ 
ကျေ နပ်ပီတိဖြစ်ရမှု တို့ကို ကျွန်တော်တို့ ခံစားရယူကြမယ်လေ။ ငါ လုပ်နိုင်တယ် ငါ စွမ်းဆောင်နိုင်တယ် ဆိုတဲ့ 
ယုံကြည်မှုတွေကို ကျွန်တော်တို့ ဘ၀မှာ ပြန်ပြီး တည်ဆောက်ယူကြမယ်။

ကျွန်တော်တို့ စိတ်ဓာတ်ခွန်အားတွေ မွေးပြီး ပြန်ကြိုးစားကြရအောင်လား။ ကျွန်တော်တို့မှာ တူးလက်စ ရေတွင်း တစ်ခုမဟုတ် တစ်ခုကတော့ ကိုယ်စီ ရှိနေကြတာဘဲ မဟုတ်လား။ 
ဒီတော့ အခုဘဲ ... စ လိုက်ကြပါစို့။ အချိန်မနှောင်းသေးပါဘူး။ 
ကျွန်တော်တို့ ရေတွင်း ပြန်တူးကြမယ်လေ။

.
.
Credit:မူရင်းရေးသားသူ

မေတ္တာဖြင့်ပြန်လည်မျှဝေသည်။