![]() |
--------------------------------
တခါတုန်းက လူတစ်ယောက်မှာ
အလွန်အပြေးသန်တဲ့ မြင်းတစ်ကောင် ရှိတယ်တဲ့။ အဲ့ဒိမြင်းကို လိုချင်တဲ့ သူဌေးကြီးတစ်ဦးလည်းရှိတယ်ပေါ့။
သူဌေးကြီးဟာ မြင်းပိုင်ရှင်ဆီက ဝယ်ဖို့ အကြိမ်ကြိမ်ကြိုးစားပေမယ့် မြင်းပိုင်ရှင်ကတော့ သူ့အချစ်တော်မြင်းဖြစ်လို့ ဘယ်လောက်ပေးပေး မရောင်းနိုင်ပါဘူးလို့သာအကြောင်းပြန်ခဲ့တယ်တဲ့။
ဒီလိုနဲ့ တနေ့မှာတော့
မြင်းပိုင်ရှင်ဟာ သူ့မြင်းကို ဖြည်းဖြည်းမှန်မှန်လေး စီးလာတုန်း လမ်းကြားတခုအရောက်မှာလူတစ်ယောက် လဲနေတာတွေ့လိုက်လို့ မြင်းဇတ်ကြိုးဆွဲပြီး ရပ်လိုက်တယ်။
နောက် မြင်းပေါ်ကဆင်း၊လဲကျနေတဲ့ လူအနားသွားပြီး "မိတ်ဆွေ ကျွန်တော် ဘာအကူအညီပေးရမလဲ " လို့ မေးလိုက်တယ်။
သေသေချာချာကြည့်လိုက်တော့ လဲနေတဲ့သူဟာ သူဌေးကြီးဖြစ်နေတယ်။
သူဌေးကြီးကပြောတယ်၊
"ခရီးတခုကအပြန်မှာ ဓားပြတွေနဲ့တွေ့လို့ ထွက်ပြေးလာရင်း ဒီနားမှာ ခြေခေါက်လဲသွားတာ
လမ်းမလျှောက်နိုင်တော့တာနဲ့အကူအညီ
တွေ့လို့တွေ့ငြား လှဲနေတာပါဗျာ"
မြင်းပိုင်ရှင်က
"ဟာဖြစ်ရလေဗျာ၊ ကျွန်တော့မြင်းပေါ်တက်ပါ
ကျွန်တော် ခင်ဗျား ကို အိမ်ထိလိုက်ပို့ပေးပါမယ် "လို့ ပြောပြီးသူဌေးကြီးကို မြင်းပေါ်တင်ခေါ်လာခဲ့တယ်။
ဒီလိုနဲ့
လမ်းတဝက်လောက်မှာ မြင်းပိုင်ရှင်ဟာ သူ့မြင်း မောမှာ စိုးရိမ်တာနဲ့ လမ်းဆင်း လျှောက်တယ်။
အဲ့ဒိအချိန်မှာပဲ
သူဌေးကြီးဟာ မြင်းဇတ်ကြိုးကို အားကုန်ဆွဲပြီး ထွက်ပြေးသွားတယ်တဲ့။
မြင်းပိုင်ရှင်ဟာ ရုတ်တရက်ဆိုတော့
အံ့သြမင်သက်သွားတာပေါ့
ခဏကြာမှ သူဌေးကြီးဟာ ဟန်ဆောင်ပြီး သူ့မြင်းကို
ယူသွားမှန်းတွေးမိလိုက်ပြီး သူဌေးကြီးနောက် အတင်းပြေးလိုက်တယ်။
မြင်းပိုင်ရှင် လိုက်လာမှန်းသိတော့ သူဌေးကြီးက အရှိန်လျော့လိုက်ပြီး အော်ပြောလိုက်တယ်။
"ငါ မင်းမြင်းကို လိုချင်လွန်းလို့ ခြေထောက်နာချင်ယောင် ဆောင်ခဲ့တာကွ၊ အခု အပြေးသန်တဲ့ မြင်းပေါ်လည်း ငါရောက်နေပြီ၊မင်းပြေး လိုက်လဲ မှီမှာ မဟုတ်တော့ဘူးကွဟားးးဟားး"
"ကျွန်တော့်မြင်းအကြောင်း ကျွန်တော်သိတာပေါ့ဗျာ
ခင်ဗျားပြောသလိုပါပဲဘယ်လိုမှလိုက်မမှီဘူးဆိုတာ
နောက်ပြီး ပြန်တောင်းရင်လည်း ခင်ဗျားက မပေးတော့မှန်းလည်း သိပါတယ်၊
ဒါပေမယ့် ခင်ဗျားကို တခုလောက်တော့ တောင်းဆိုလိုပါတယ် "
လို့ မြင်းပိုင်ရှင် က ပြောတယ်။
"ဘာများလဲကွ "
့"ဒီလိုပါကျွန်တော့မြင်းကို အခုလို ဒုက္ခရောက်ဟန်ဆောင်ပြီး ခင်ဗျား ရခဲ့တယ်လို့ မြို့ရောက်ရင် ပြန်မပြောဖို့ပါပဲ။
ခင်ဗျားဆီကမြင်းကိုလည်း ကျွန်တော်ပြန်ယူဖို့ မကြိုးစားတော့ပါဘူးလို့ ဂတိပေးပါတယ်။
ဒီလိုမှမဟုတ်ရင်တော့ နောက်လာနောက်သားတွေရဲ့ ကူညီချင်စိတ်တွေ ပျောက်ဆုံးသွားလိမ့်မယ်"
လို့ မြင်းပိုင်ရှင်က လေးနက်တည်ကြည်စွာ ပြောလိုက်လေတယ်။
လေးစားလျက်။
Zar Ni Nyunt Lwin
လေးစားလျက်။
Copy to မှတ်စုကြမ်း
0 Comments