တပိုတွဲလပြည့်နေ့ ဩဝါဒ ပါတိမောက်အခါတော်နေ့
--------------------------------------------
                 ဩဝါဒ ပါတိမောက် အခါတော်နေ့ ဖြစ်ပေါ်
လာပုံ ကို အကျဉ်းမျှတင်ပြခြင်းသာဖြစ်သည်။
         ဘုရားကိုယ်တော်မြတ် ဘုရားအဖြစ်သို့ရောက်
တော်မူပြီး ၉ လမျှကြာသောအခါ ရာဇဂြိုဟ်ပြည်ရောက်
၍ ၃ ရက်မြောက်သောနေ့၌ အရှင်အဿဇိ သည်ရာဇ
ဂြိုဟ်မြို့အတွင်းသို့ ဆွမ်ခံနေစဉ် ဥပတိဿပရိဗိုဇ် မြင်
လျှင် မိမိမေးလိုသောအချက်အတွက် မနီးမဝေးမှ နေ
စေ၍ ဣန္ဒြေကိုအလေးထားလျှက်နောက်မှလိုက်၏။
အရှင်အဿဇိ လည်းဆွမ်းရပြီးသော် ဘုန်းပေးခြင်းငှါ
သင့်တင့်သောဇရပ်သို့ကပ်၏။ထိုအခြင်းအရာကိုမြင်
သော ဥပတိဿပရိဗိုဇ်သည် ရေ၊နေရာ အခင်း စသော
ဆွမ်းစားရေး၌ပြုထိုက်သမျှသောအာစရိယဝတ်ပြု၍ 
ရှင်အဿဇိ ဆွမ်းဘုန်းပေးပြီးသောအခါ၊သိလိုရာများကို
မေး၍ တရား တောင်း၏။အရှင်အဿဇိသည် ယေ ဓမ္မာ
ဟေတုပ္ပဘဝါ အစဖြာသော ဂါထာကိုဟောတော်မူ၏။
        ဂါထာ၏ နှစ်ပါဒမျှနာကြားရ၍ သောတာပတ္တိမဂ်
သို့ဆိုက်ရောက်တော်မူ၏၊နောက်နှစ်ပါဒကို ဖလဋ္ဌာန်
ဖြစ်မှ နာရသည်။ဥပတိဿ  သည် အရှင်အဿဇိ
အား ရှင်ဘုရား၏ ဆရာ နှင့် နေထိုင်ရာ အရပ်ကို မေး
လျောက်ရာ ၊ဖြေကြား၏။အရှင်ဘုရား ကြွတော်မူပါ
လော့၊အကျွနှ်ပ် ကတိကဝတ် ရှိဘူးသော အဆွေတစ်
ယောက်ရှိပါသည်၊ထိုအဖော်ခေါ်၍ဘုရားထံလာပါအံ့ဟု
လျောက်၏၊မိမိနေရာအရပ်သို့ပြန် ရောက်သောအခါက
တိကဝတ်အတိုင်းဥပတိဿလည်းအရှင်အဿဇိကို တွေ့
သည်မှစ၍ တရား နာရသည်တိုင်အောင် အလုံးစုံကို
ပြန်ပြောင်း၍ ကောလိတအားပြောပြ၏၊ကောလိတက
သင်နာခဲ့ရသော တရားကိုသာ ငါအား ဟောပါတော့။
ယေဓမ္မာ ဟေတုပ္ပဘဝါ အစဖြာသော ဒေသနာတော်ကို
ဟော်တော်မူ၏၊ထိုဒေသနာတော်၏အဆုံး၌ သောတာ
ပတ္တိဖိုလ်သို့ ကောလိတ ပရိဗိုဇ် ဆိုက်တော်မူသည်။
         ငါရှင် ငါတို့ဆရာ အရှင်အဿဇိ နှင့် မြတ်စွာဘုရား
ရှိရာ ရာဇဂြိုဟ်ပြည် ဝေဠုဝန် ကျောင်းတော်သို့ သွားပါ
စို့။သို့ရာတွင် ငါတို့အား မှီခိုနေသော ပရိဗိုဇ် နှစ်ရာ့ငါး
ကျိပ်သော သူတို့အား အကြောင်းကြားဦးမှသင့်မည်။ထို
ပရိဗိုဇ်တို့အား ဘုရား ထံသွားမည်ဟု အကြောင်းကြား
လျှင် အရှင်တို့နှင့်အတူလိုက်၍ ဘုရားအဆုံးအမ ကို
ကျွနှ်ပ်တို့လည်း ခံပါအံ့ ဟုဆိုကုန်၏။ထို့နောက် ဥပ
တိဿ နှင့် ကောလိတ တို့သည် သိဉ္စည်းထံသွား၍ ဆရာ
တို့သည် အနှစ်သာရ မရှိ အကာအတိသာဖြစ်၍ စင်စစ်
အချည်းအနှီးသောအကျင့်ကို စွန့်ခွာလော့၊မြတ်စွာဘုရား
ထံ ဆုံးမခံ၍ ကျင့်ရအောင်သွားကြကုန်အံ့။သိဉ္စည်းဆရာ
ကြီးသည် တပည့်တို့အား အကြောင်းအမျိုးမျိုးပြတား
သော်လည်းမရဖြစ်နေ၍၊သင်တို့သွားလိုက သွားကြလေ
ကုန် ဟုဆို၏။ထိုအခါ ဥပတိဿ နှင့် ကောလိတ တို့
လည်း မိမိတို့၏ ပရိသတ် ငါးရာကို ခေါ်၍ ဝေဠုဝန်
ကျောင်းတော်သို့ရှေ့ရှု ထွက်ခွာလာခဲ့ကြသည်။
        ဘုရားရှင်ထံမှောက်ရောက်ကြသောအခါ ဘုရားရှင်
က ဧဟိ ဘိက္ခု ခေါ်တော်မူ၍ တန်ခိုးဖြင့်ပြီးသောသင်္ကန်း
သပိတ် ပရိက္ခရာကိုရလျက် ရဟန်းဖြစ်ကြလေကုန်၏။
ဥပတိဿ နှင့် ကောလိတ နှစ်ဦးတို့မှတပါး ငါးရာသော
သူတို့သည် အစဉ်အတိုင်းမဂ်ကိစ္စဖြင့် အရဟတ္တဖိုလ်သို့
ရောက်ကြကုန်၏။ထိုသူနှစ်ဦးတို့ကား ကြီးမားသော
သာဝက ပါရမီဉာဏ်၏ ပရိကံ မပြည့်စုံသောကြောင့်
ရှေးရရင်း သောတာပန်၏ အဖြစ်တည်၏။ဥပတိဿ၊
ကောလိတ နှင့် နောက် ပရိသတ်တို့ ဝေဠုဝန်ကျောင်း
တော်သို့ရောက်ရှိခြင်းသည် တပိုတွဲလဆန်း တစ်ရက်
နေ့၌ရောက်ကြခြင်းဖြစ်သည်၊ဥပတိဿ နှင့် ကောလိတ
တို့သည် ကျင်ကြံမှု အားထုတ်မှု တို့ကိုပြုကြသဖြင့်
ကောလိတ သည် တပိုတွဲလဆန်း ၇ ရက်တွင် အရဟတ္တ
ဖိုလ်ပေါက်ပြီးမြောက်၍ ဥပတိဿ သည် တပိုတွဲလ
ပြည့်နေ့မှာ အရဟတ္တဖိုလ်သို့ဆိုက်ရောက်တော်မူသည်။
                     ဤသို့လျှင် ဥပတိဿ ရဟန္တာ ဖြစ်ပြီး၍ 
မဟာသက္ကရာဇ် ၁၀၃ ခု နှစ် တပိုတွဲလပြည့်နေ့တွင်
ကဿပ ညီနောင် ရှင် ၁၀၀၀ ၊ရှင်ဥပတိဿ ရှင်ကောလိ
တတို့နှင့် နောက်ပါတပည့် ၂၅၀ စီ၊ပေါင်းသော် ၁၅၀၂
ပါးသော သံဃာတော်တို့ ဝေဠုဝန်ကျောင်းတော်သို့စု
ရုံးစည်းဝေးစေ၍ ၊ ထိုသည့်နေ့ပင် ဘုရားရှင်လည်း
ရှင်ဥပတိဿ ကို ဓမ္မသေနာပတိ သာရိပုတြာ ဟူ
သော အမည်နှင့် လက်ျာရံအဂ္ဂသာဝက အရာ၊ရှင်ကော
လိတကို မဟာမောဂ္ဂလာန် ဟူသော အမည်နှင့် လက်ဝဲ
ရံအဂ္ဂသာဝက အရာ ထားတော်မူသည်။ထိုနောက်
သမုဒြာ ဂင်္ဂါသဲလုံးနှင့်အမျှ ပွင့်တော်မူကြကုန်သော
အဆူဆူသော ဘုရားရှင်တို့၏ အစဉ်ပြတော်မူကုန်မြဲ
ဖြစ်သော ဩဝါဒ ပါတိမောက် ကို ပေးတော်မူ၏။

             ဩဝါဒ ပါတိမောက်  .    မြန်မာပြန်
၁၊အရာရာတိုင်းတွင် ခန္တီ တရား လက်ကိုင်ထားရေး။
၂၊နိဗ္ဗာန် တရား ကိုအမြတ်ဟူ၍ ခံယူရေး။
၃၊သူတစ်ပါးကို မသတ်ဖြတ်ရေး။
၄၊သူတစ်ပါးကို မနှိပ်စက်ရေး။
၅၊မကောင်းမှုမှန်သမျှကို ရှောင်ကြဉ်ရေး။
၆၊ကောင်းမှုမှန်သမျှကို လုပ်ဆောင်ရေး။
၇၊စိတျဓါတျကွံ့ခိုငျအောငျ မွေးမြူရေး။
၈၊သူတစ်ပါးကို မကဲ့ရဲ့ မစွပ်စွဲရေး။
၉၊သူတစ်ပါးကို နိုင်ထက်ကလူ မပြုရေး။
၁၀၊အပါယ်လေးပါးမှလွတ်မြောက်အောင်ရှောင်ကြဉ်ရေး
၁၁၊အစား အသောက် စည်းကမ်းရှိရေး။
၁၂၊အနေ အထိုင် စည်းကမ်း ရှိရေး။
၁၃၊ဘာဝနာ တရားများ ပွားများရေး။

           ဤသို့သော ဩဝါဒ ပါတိမောက်(၁၃) ချက်ကို
အဆူဆူသော ဘုရားရှင်တို့သည် ပါဠိတော်ဖြင့် ဩဝါဒ
ကို ပေးတော်မူကြသလို ဂေါတမ ဘုရားရှင်သည်လည်း
ပြတော်မူခြင်း ပေးတော်မူခြင်းဖြစ်သည်။
         ဩဝါဒ ပါတိမောက်ဟူသည် ဘုရားရှင်၏ အဆုံး
အမ ဩဝါဒ နှင့် ပညတ်တော်မူအပ်သော သိက္ခာပုဒ်
များကို ပါတိမောက် လို့ခေါ်ခြင်းဖြစ်ပါတယ်၊အဲဒီ ပါတိ
မောက်က ဩဝါဒ ပါတိမောက် နှင့် အာဏာပါတိ
မောက်ဟူ၍ နှစ်မျိုး နှစ်စား ရှိ၏။ဩဝါဒ ပါတိမောက်
ကို မြတ်စွာဘုရားတို့သာ ပြ ခွင့်ရှိပါတယ်၊တပည့်သာဝ
ကတို့ပြခွင့်မရှိ၊ဘုရားရှင်အားလုံးတို့ဩဝါဒ ပါတိမောက်
ကို ရွတ်မြဲ ပြမြဲ ဖြစ်ပါတယ်။ဘုရားရှင်တို့ တစ်ဆူ နှင့်
တစ်ဆူ ဩဝါဒ ပေးပုံ ကွဲပြားမှု ခြားနားမှု မရှိကြပါ၊ပြ
တော်မူသော အချိန်ကာလသာ ကွဲပြားမှုရှိတတ်ပါသည်။

ဥပမာ အားဖြင့်..............
(က) ဝိပဿီမြတ်စွာဘုရားသည်(၇) နှစ်လျှင်တစ်ကြိမ်
        ဩဝါဒ ပါတိမောက်ကိုပြတော်မူပါတယ်၊တစ်ကြိမ်
         ပြရုံမျှဖြင့် ဩဝါဒကို(၇) နှစ်ကြာတည်တံ့ပါတယ်။
( ခ )  သိခီ နှင့် ဝိဿဘူ မြတ်စွာဘုရားတို့မှာ (၆) နှစ်
          လျှင်တစ်ကြိမ် ဩဝါဒ ပါတိမောက်ကို ပြတော်မူ
         ကြ၏။ တစ်ကြိမ်ပြရုံမျှဖြင့် ဩဝါဒ ပါတိမောက်
         (၆) နှစ်ကြာ တည်တံ့၏။
( ဂ ) ကကုသန် နှင့် ကောဏာဂုမ် မြတ်စွာဘုရားတို့မှာ
         တစ်နှစ်လျှင် တစ်ကြိမ် ဩဝါဒ ပါတိမောက် ကို
         ပြတော်မူကြ၏၊တစ်ပြရုံမျှဖြင့် ဩဝါဒ ပါတိ
         မောက် တစ်နှစ် တည်တံ့၏။
( ဃ) ကဿပ မြတ်စွာဘုရားမှာ (၆) လလျှင်တစ်ကြိမ်
         ဩဝါဒ ပါတိမောက်ပြတော်မူ၏၊တစ်ကြိမ်ပြရုံ
         ဖြင့် ဩဝါဒ ပါတိမောက် (၆) လကြာတည်တံ့၏။
(  င ) ဂေါတမ မြတ်စွာဘုရားမှာ လပြည့် လကွယ်(၁၅)
         ရက်တစ်ဩဝါဒ ပါတိမောက်ကို ပေးတော်မူ၏။

                   သက်တမ်းရှည်မြတ်စွာဘုရားတို့မှာ ဩဝါဒ
ပါတိမောက် သာသနာ ခေတ်ဆုံးအောင်ပြတော်မူကြ၏။
သက်တမ်းတိုသော ဘုရားရှင်တို့က ပထမ ဗောဓိ ခေါ်
သော ဝါတော်(၂၀) အတွင်းမှာသာ ဩဝါဒ ပါတိမောက်
ကိုပြတော်မူလေ့ရှိကြ၏၊သိက္ခာပုဒ်တော် ပညတ်ချိန်မှ
စ၍ ဩဝါဒ ပါတိမောက်ကို ပြတော်မမူဘဲ တပည့်သာ
ဝက တို့အား အာဏာ ပါတိမောက်ကိုသာ ပြစေတော်
မူကွ၏။

             ဩဝါဒ ပါတိမောက် ပေးတော်မူရာ၌ အဆူဆူ
သော ဘုရားရှင်တို့သည်-----------
၁- တပိုတွဲလပြည့်နေ့ ဖြစ်ရမည်၊
၂- ဧဟိဘိက္ခု ရဟန်းချည်း ဖြစ်ရမည်၊
၃- ဆဠာဘိည ပဋိသမ္ဘိဒါပတ္တရဟန္တာချည်းဖြစ်ရမည်၊
၄- မည်သူမျှပင့်ဖိတ်ခြင်းမရှိဘဲစုဝေးမိခြင်းဖြစ်ရမည်။
             ဤအင်္ဂါလေးချက်ပြည့်စုံမှ ဘုရားရှင်တို့သည်
ပြုမြဲ ပေးမြဲ ဖြစ်၏။ဘုရားရှင်တိုင်း ဘုရားရှင်တိုင်းတို့
သည်ဤတပိုတွဲလပြည့်မှာသာ အကြာင်းလေးပါးပြည့်
စုံစွာဖြင့် ဩဝါဒ ပါတိမောက်ကို ပေးတော်မူကြ၏။ထို့
သို့သော အကြောင်းကြောင့်တပိုတွဲလပြည့်နေ့ကို " ဩ
ဝါဒ ပါတိမောက် အခါတော်နေ့" ဟု သတ်မှတ် ဂုဏ်ပြု 
ပူဇော်မှုကို ဤစာစုဖြင့် ပြုလိုက်ပါ၏။